အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ကိုယ်စား ဝါရင့်သံတမန် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တက်ရောက်မယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၅
ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်ဟာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုကိုယ်တိုင်တက်ရောက်မှာမဟုတ်ဘဲ ဝါရင့်သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ Sihasak Phuangketkeow ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Sihasak Phuangketkeow ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ဟောင်းဖြစ်သလို ပြင်သစ်၊ ဂျပန်နိုင်ငံတို့ဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးပြီး အာဆီယံကြေညာစာတမ်းမူကြမ်းနဲ့ပတ်သက်ပြီးအကူညီပေးခဲ့ဖူးသူဖြစ်ပါတယ်။ ဆာရက်သာတာဗီဆင်ဟာ ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခန်အပ်ခံထားရပေမယ့် လက်ရှိအချိန်အထိ လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုတာမျိုးမလုပ်ရသေးတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်အဖြစ် တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ဝါရင့်သံတမန်ဖြစ်သူ Sihasak Phuangketkeow ဟာ အာဆီယံခေါင်းဆောင်များ၊ အာဆီယံမိတ်ဖက်နိုင်ငံများရဲ့တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးပေါင်းဒါဇင်ချီကို တက်ရောက်မှာဖြစ်ကြောင်း သတင်းအရင်းမြစ်ကပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Sarun Charoensuwan ဆိုသူဟာလည်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်ပြုလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပါအဝင် အခြားဆက်စပ်အစည်းအဝေးတွေကို တက်ရောက်မှာဖြစ်ကြောင်းသိရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၅ ရက်မှ ၇ရက်အထိကျင်းပမှာဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်များအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ နဲ့ Asean+3 နိုင်ငံများရဲ့ကိုယ်စားလှယ်တွေ၊ ခေါင်းဆောင်တွေတက်ရောက်ဖွယ်ရှိနေကြောင်းသိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေကိုအဓိကထား ဆွေးနွေးသွားဖွယ်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား စေလွှတ်ရန် မြန်မာ-ကိုရီးယား နှစ်နိုင်ငံညှိနှိုင်းမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ