လွိုင်ကော်မြို့ အရှေ့မြောက်ဘက်ရှိ KNDF တပ်ရင်း(၁ဝ)ကို လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ဟု နစကဆို
NP News - ဖေဖော်ဝါရီ ၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အရှေ့မြောက်ဘက်ရှိ KNDF တပ်ရင်း(၁ဝ)ကို လေကြောင်းပစ်ကူအပါအဝင် အမြောက်ပစ်ကူများဖြင့် တိုက်ခိုက်ချေနှုန်းခဲ့ကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်(၁ဝ)မိုင်ခန့်အကွာရှိ ဒေသအခေါ် ဆင်စခန်း၌ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် KNDF တပ်ရင်း(၁ဝ)အခြေပြုနေကြောင်းသိရှိရ၍ ဖေဖော်ဝါရီလ ၃ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတပ်ရင်းအား လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူကာ အကြမ်း ဖက်ချေမှုန်းရေးဆောင်ရွက်မှုပြုလုပ်ခဲ့ရာတွင် KNDF အဖွဲ့မှ ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦးများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်းလည်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လုံခြုံရေးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သော KNDF တပ်ရင်း(၁ဝ)မှာ စစ်ဘေးရှောင်များ၏ ဆေးကုသရာဆေးခန်း၊ စာသင်ကျောင်းနှင့် ရိက္ခာဂိုဒေါင်တို့သာ ဖြစ်ပြီး အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုနေမှုများအ ပေါ် နစကဘက်မှ ငြင်းဆိုထားသည်။
ထိုသို့သော ပြောဆိုမှုများသည် ကောလာဟလမဟုတ်မမှန်ဝါဒဖြန့်ချီမှုသာဖြစ် ကြောင်း နစကဘက်က တုံ့ပြန်ထားပြီး နောက်ထပ် အကြမ်းဖက်ချေမှုန်းရေးဆောင် ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကယားပြည်နယ်အတွင်း မယ်တော်ဂူ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ပတ်ဝန်းကျင်တစ်ဝိုက်တို့၌ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNDF အဖွဲ့များအကြား ထိတွေ့တိုက်ပွဲပေါင်း (၅၅)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှလည်း အလောင်း၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
zawgyi version
လြိဳင္ေကာ္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ရွိ KNDF တပ္ရင္း(၁ဝ)ကို ေလေၾကာင္းပစ္ကူ၊ အေျမာက္ပစ္ကူမ်ားျဖင့္ တိုက္ခိုက္ခဲ့ဟု နစကဆို
NP News - ေဖေဖာ္ဝါရီ ၅
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ရွိ KNDF တပ္ရင္း(၁ဝ)ကို ေလေၾကာင္းပစ္ကူအပါအဝင္ အေျမာက္ပစ္ကူမ်ားျဖင့္ တိုက္ခိုက္ေခ်ႏႈန္းခဲ့ေၾကာင္း နစကဘက္မွ သတင္းထုတ္ျပန္ထားသည္။
လြိဳင္ေကာ္ၿမိဳ႕၏ အေရွ႕ေျမာက္ဘက္(၁ဝ)မိုင္ခန႔္အကြာရွိ ေဒသအေခၚ ဆင္စခန္း၌ အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ေဆာင္လ်က္ရွိသည့္ KNDF တပ္ရင္း(၁ဝ)အေျချပဳေနေၾကာင္းသိရွိရ၍ ေဖေဖာ္ဝါရီလ ၃ ရက္တြင္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါတပ္ရင္းအား ေလေၾကာင္းပစ္ကူႏွင့္ အေျမာက္ပစ္ကူမ်ားရယူကာ အၾကမ္း ဖက္ေခ်မႈန္းေရးေဆာင္႐ြက္မႈျပဳလုပ္ခဲ့ရာတြင္ KNDF အဖြဲ႕မွ ထိခိုက္က်ဆုံးမႈမ်ားရွိခဲ့ၿပီး လက္နက္၊ ခဲယမ္းမ်ားႏွင့္ အေဆာက္အဦးမ်ား ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္းလည္း နစက၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
လုံၿခဳံေရးအဖြဲ႕မွ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ KNDF တပ္ရင္း(၁ဝ)မွာ စစ္ေဘးေရွာင္မ်ား၏ ေဆးကုသရာေဆးခန္း၊ စာသင္ေက်ာင္းႏွင့္ ရိကၡာဂိုေဒါင္တို႔သာ ျဖစ္ၿပီး အေၾကာင္းမဲ့ ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ျခင္းျဖစ္သည္ဟု ေျပာဆိုေနမႈမ်ားအ ေပၚ နစကဘက္မွ ျငင္းဆိုထားသည္။
ထိုသို႔ေသာ ေျပာဆိုမႈမ်ားသည္ ေကာလာဟလမဟုတ္မမွန္ဝါဒျဖန႔္ခ်ီမႈသာျဖစ္ ေၾကာင္း နစကဘက္က တုံ႔ျပန္ထားၿပီး ေနာက္ထပ္ အၾကမ္းဖက္ေခ်မႈန္းေရးေဆာင္ ႐ြက္မႈမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ထုတ္ျပန္ထားသည္။
ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္မွ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္အထိ ကယားျပည္နယ္အတြင္း မယ္ေတာ္ဂူ၊ က်ိဳက္ထီး႐ိုးေလး၊ လြယ္တမူေဒသႏွင့္ လြိဳင္ေကာ္ၿမိဳ႕ပတ္ဝန္းက်င္တစ္ဝိုက္တို႔၌ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ KNDF အဖြဲ႕မ်ားအၾကား ထိေတြ႕တိုက္ပြဲေပါင္း (၅၅)ႀကိမ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ပြဲမ်ားအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိခဲ့ၿပီး အၾကမ္းဖက္အဖြဲ႕မ်ားထံမွလည္း အေလာင္း၊ လက္နက္၊ ခဲယမ္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်သုံးယာဉ်(EV)တင်သွင်းရန် အဆိုပြုသော ကုမ္ပဏီ(၄ဝ)နီးပါးအထိ တိုးမြင့်လာခဲ့ပြီး ကုမ္ပဏီ(၆)ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ