အာဆင်နယ်နှင့်ကစားခဲ့သည့်ပွဲအတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မန်ယူနည်းပြ ဝေဖန်ပြစ်တင်
Pika (NSS) - စက်တင်ဘာ ၄
အာဆင်နယ်အသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် VAR ကြည့်ပြီးနောက် ပယ်ချခံခဲ့ရသော မန်ယူတောင်ပံ ကစားသမား ဂါနာချို၏ သွင်းဂိုးသည် ဂိုးရခဲ့သင့်ကြောင်းနှင့် တိုက်စစ်မှူးရာမက်စ်ဟွိုင်လမ်သည် ပင်နယ်တီ ကန်ခွင့်ရသင့်သည်ဟု ခံစားမိကြောင်း မန်ယူနည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။
အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း မန်ယူနည်းပြတန်ဟက်သည် အသင်းကစားသမားများ၏ စွမ်းဆောင် ရည်များကို ချီးကျူးပြောဆိုခဲ့ပြီး ကစားပွဲအတွင်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်သည် ပွဲချိန်(၂၇)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သော်လည်း အာဆင်နယ်ကွင်းလယ်ကစားသမား အိုဒီဂါ့သည် ပွဲချိန် (၂၈)မိနစ်တွင် ပြန်လည်ချေပဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်သည် ပွဲချိန်(၉၆)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးဂျီဆပ်သည် ပွဲချိန်(၁ဝ၁)မိနစ်တွင် နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းက မန်ယူအသင်းကို (၃)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မန်ယူနည်းပြတန်ဟက် က "ပွဲချိန်(၈၈)မိနစ်မှာ သွင်းယူခဲ့တဲ့ ဂါနာချိုရဲ့သွင်းဂိုးဟာ ဂိုးရခဲ့သင့်ပါတယ်။ ပြီးတော့ မန်ယူတိုက်စစ်မှူးရာမက်စ်ဟွိုင်လမ်ကလည်း ပင်နယ်တီကန်ခွင့် ရခဲ့သင့်ပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်တဲ့ကစားပွဲတစ်ခုကို ကစားခဲ့တယ်လို့ ထင်ရပေမယ့် ဒီကွင်းထဲမှာ အားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်နေတာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတစ်ဝန်းရှိ နိုင်ဂျီးရီးယားနိုင်ငံ၏ သံရုံးအားလုံးနီးပါး၏ လုပ်ငန်းစဉ်များကို ဆိုင်းငံ့ပြီး သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း