ရှမ်းပြည်နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ စီမံကိန်းများပြီးစီးပါက နှစ်စဥ်လျှပ်စစ်စွမ်းအား ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်
ယွန်း (NSS) - စက်တင်ဘာ ၄
ရှမ်းပြည်နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ စီမံကိန်းများပြီးစီးပါက နှစ်စဥ်လျှပ်စစ်စွမ်းအား ၂၄ ကီလိုဝပ် နာရီသန်းပေါင်းထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြီးခဲ့သည့် စက်တင် ဘာလ(၂)ရက်တွင် အဆိုပါ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီး နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းလုပ်ငန်းအားလုံး ပြီးစီးပါက ရေဧကပေ (၃)သိန်းခွဲခန့် သိုလှောင်ပြီး လျှပ်စစ်တပ်ဆင်ဓာတ်အား (၁၀)မဂ္ဂါဝပ်(၅ မဂ္ဂါဝပ် x ၂ လုံး)ဖြင့် နှစ်စဥ်လျှပ်စစ်စွမ်းအား ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအား(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ် မိုးရာသီမတိုင်မီ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းဆောင်ရွက်နေဆဲ ကာလတွင် တမံပိတ်မည့် နမ့်အက်ချောင်း ရေအားဆက်သွယ်မြောင်းမှတစ်ဆင့် အောက်ဘက်ရှိ ဇော်ဂျီတမံနှင့်မြို့ကြီးတမံတို့ကို ၂၀၂၀ခုနှစ်၊ စက်တင်ဘာလမှ စတင်ရေလွှတ်ခဲ့ရာ ယနေ့အထိ (၂၇၆၅၀၀)ဧကပေ ရေကူဖြည့်သွင်းပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက ကျိုင်းခမ်းရေလှောင်တမံမှ အောက်ဘက်ရှိ တည်ဆောက်ပြီးဖြစ်သော ဇော်ဂျီနှင့်မြို့ကြီးရေလှောင်တမံတို့ကို ရေကူဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်စွမ်းအား (၈၅.၃၀)ကီလိုဝပ်နာရီသန်းပေါင်းကို တိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သည့်အတွက် တိုးချဲ့ထုတ်လုပ်နိုင်ရေး လျှပ်စစ်ဝန်ကြီးအသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ