ပိုလန်အစိုးရက ယူကရိန်းဒုက္ခသည်များအတွက် အကြီးဆုံးဒုက္ခသည်စခန်းကို ရုတ်တရက် ပိတ်ပစ်ခဲ့ဟုဆို
Pika (NSS) - စက်တင်ဘာ ၃
ပိုလန်နိုင်ငံရှိ ယူကရိန်းဒုက္ခသည်များအတွက် အကြီးဆုံးဒုက္ခသည်စခန်းကို ယခုသီတင်းပတ်အတွင်း ရုတ်တရက် ပိတ်ပစ်လိုက်ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ ဆုံးဖြတ်ချက်ကို ကိုးကားပြီး Financial Times က ဖော်ပြခဲ့သည်။
အဆိုပါပိတ်ပစ်မှုများကြောင့် လူရာပေါင်းများစွာကို နေရာရွှေ့ပြောင်းခြင်းများ ချက်ချင်းလုပ်ဆောင်ခဲ့ရကြောင်း Financial Times က ဖော်ပြခဲ့သည်။ ယူကရိန်းဒုက္ခသည်များအတွက် အကြီးဆုံးဒုက္ခသည်စခန်းသည် ဝါဆောမြို့ အနောက်တောင်ဖက် Mazovia ဒေသ Nadarzyn ရွာရှိ ပြပွဲကျင်းပရာ နေရာဟောင်းတစ်ခုတွင် တည်ရှိကြောင်း သိရသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင် လူပေါင်း(၉ဝဝဝ)ခန့် နေထိုင်ကြောင်း Financial Times ၏ အဆိုအရသိရသည်။ ယူကရိန်းဒုက္ခသည်များသည် အခြားဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် ၂ဝ၂၂ ခုနှစ် နွေဦးကာလ တွင် အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်သူဦးရေမှာ(၃ဝဝ)ဝန်းကျင်ထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
သို့သော်လည်း အဆိုပါဒုက္ခသည်စခန်းသည် ပိုလန်နိုင်ငံတွင် အကြီးမားဆုံးဒုက္ခသည်စခန်းတစ်ခုအဖြစ် ရှိနေဆဲဖြစ် ကြောင်း သိရသည်။ ထို့အပြင် ယင်းဒုက္ခသည်စခန်းသည် ယာယီအတွက်သာဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင် များက ပြောကြားခဲ့သည်။
Mazovia ဒေသသို့ ရောက်ရှိလာသော ယူကရိန်းဒုက္ခသည်အရေအတွက် နည်းပါးခြင်းကြောင့် ယင်းဒုက္ခသည်စခန်း ကို ပိတ်ပစ်လိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Dagmara Zalewska က ပြောကြာားခဲ့သည်။ အဆိုပါ ဒုက္ခသည်စခန်းကို ရုတ်တရုတ်ပိတ်ပစ်လိုက်ခြင်းကြောင့် နေထိုင်သည့် ဒုက္ခသည်များ အနေဖြင့် အံ့အားသင့်ခဲ့ရ ကြောင်း ဒေသခံပရဟိတအဖွဲ့များက ပြောကြားခဲ့သည်။
၎င်းတို့က "တစ်ချို့ဒုက္ခသည်တွေဆိုရင် သူတို့ရဲ့အထုပ်အပိုးတွေကို သေချာတောင်ထုပ်ပိုးခွင့်မရခဲ့ကြပါဘူး။ အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို အိတ်တွေနဲ့ စားစရာတစ်ချို့ပေးခဲ့ပါတယ်" ဟု ပြောခဲ့သည်။ အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံအတွင်း ဒုက္ခသည်အကူအညီပေးရေးစနစ်များ အားလုံးကိုပြန်လည်ဖွဲ့စည်းခြင်း၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း Dagmara Zalewska က ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်းဒုက္ခသည်အချို့သည် ပိုလန်နိုင်ငံနှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် အလုပ်အကိုင် များ ရရှိရန် ရှာဖွေခဲ့ကြပြီး အချို့မှာ ယူကရိန်းနိုင်ငံသို့ပြန်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပိုလန်နိုင်ငံသည် နိုင်ငံအတွင်းမှ ထွက်ပြေးလာသော ယူကရိန်း ဒုက္ခသည်များအတွက် အဓိကနေရာတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ ဒေတာအချက်အလက်များအရ ၂ဝ၂၃ ခုနှစ် နွေဦးကာလအထိ ပိုလန်နိုင်ငံတွင် ယူကရိန်းဒုက္ခသည် ပေါင်း (၁ ဒသမ ၅) သန်းကျော် ကျန်ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဧရိယာ(၁၉၆၂)ဧကကျယ်ဝန်းသည့် နယ်မြေကို "မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ