ကနေဒါက အိန္ဒိယနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ ဆွေးနွေးပွဲကို ခေတ္တရပ်ဆိုင်း
ရောင်နီ (NSS) - စက်တင်ဘာ ၃
ကနေဒါနိုင်ငံနဲ့ အိန္ဒိယဟာ ယခုနှစ်အတွင်း ကနဦး ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ ရည်ရွယ်ထားကြောင်းကို နှစ်နိုင်ငံစလုံးက ကြေညာခဲ့ပြီး သုံးလအကြာမှာတော့ အဆိုပါ ကုန်သွယ်ရေး သဘောတူစာချုပ် ဆွေးနွေးမှုကို ခေတ္တရပ်မယ်လို့ ကနေဒါက သောကြာနေ့(စက်တင်ဘာလ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကနေဒါနဲ့ အိန္ဒိယဟာ ပြီးပြည့်စုံတဲ့ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို ၂၀၁၀ ခုနှစ်ကတည်းက ဆွေးနွေးနေခဲ့ကြတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာမှ အတည်ပြုခဲ့တာပါ။ "ကုန်သွယ်ရေး ညှိနှိုင်းမှုတွေဟာ ရှည်လျားပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ ရောက်နေတဲ့ နေရာတွေကို ပြန်လည်စဉ်းစားဖို့ ခေတ္တရပ်ထားပါတယ်" လို့ ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူဒူက သောကြာနေ့ (စက်တင်ဘာလ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။ အခြားအသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။ ကနေဒါနိုင်ငံဆိုင်ရာ အိန္ဒိယသံတမန် ဆန်ဂျေးဗာမာကတော့ ကနေဒါရဲ့ ခေတ္တရပ်နားမှုအကြောင်း ရှင်းလင်းပြောကြားခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လက အိန္ဒိယဟာ G20 ထိပ်သီးအစည်းအဝေး တတ်ရောက်ရင်း ကနေဒါနဲ့ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှု ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ထရမ်စဖော်မာပေါ်ရှိ ဓာတ်ကြိုးအား တက်ရောက်ခိုးယူသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖားကန့်မြို့နယ်၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း