လျှပ်စစ်ထရမ်စဖော်မာပေါ်ရှိ ဓာတ်ကြိုးအား တက်ရောက်ခိုးယူသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖားကန့်မြို့နယ်၌ ဖြစ်ပွား
သန့်ဇင်(NSS)- စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ လျှပ်စစ်ထရမ်စဖော်မာအိုးပေါ်ရှိ ဓာတ်အားကြိုးအား တက်ရောက်ဖြုတ်ခိုးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားခဲ့ကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၂ ရက်) ညပိုင်းအချိန်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ သင်္ခါလူမှုကူညီရေးအသင်းရုံးအနီးရှိ ထရမ်စဖော်မာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်၊
“ထရမ်စဖော်မာဗုံးမှာ တွဲတဲ့ကြိုးတွေရှိတယ်လေ။ အဲဒီမှာ အောက်ဗုံးနဲ့ အပေါ်ဗုံးနဲ့တွဲထားတဲ့ main ကြိုးကြီးကို ဖြုတ်တာမှာ ဓာတ်လိုက်ပြီးဆုံးသွားတာပေါ့”ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဓာတ်လိုက်သေဆုံးခဲ့သည့်အမျိုးသားသည် အသက်(၃၀)ဝန်းကျင်အရွယ် ဆွေငြိမ်းဆိုသူဖြစ်ပြီး မိုဃ်းကောင်းမြို့နယ်၊ တောင်နီကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။
“သူက ထရမ်စဖော်မာဗုံးပေါ်မှာပဲ ဆုံးသွားတာပါ။ နောက်တော့ အလောင်းကိုဆေးရုံကိုပို့ပြီး။ ခုတော့မိသားစုနဲ့အဆက်သွယ်ရလို့ မြေမြုပ်ပြီးပြီလိုသိရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးသူအမျိုးသားအား ဖားကန့်မြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် လက်ရှိတွင်မိသားစုမှ လာရောက်သင်္ဂြုလ်သွားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက ၂၄ နာရီအတွင်း သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း