လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများက ခံနေရပြီး အကြမ်းဖက်မှုများရှိသော နယ်မြေ၌ ဖွံ့ဖြိုးရေးလုပ်ဆောင်၍မရဟု တပ်ချုပ်ပြော
မျိုးကြီး (NSS) - စက်တင်ဘာ ၂
လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများက ခံနေရပြီး အကြမ်းဖက်မှုများရှိသော နယ်မြေ၌ ဖွံ့ဖြိုးရေးလုပ်ဆောင်၍မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ပြုလုပ်သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းအသိ ပေးပြောကြားခဲ့ခြင်းဖြစ်သည်။
နစကအနေဖြင့် နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင်မည်ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုရှိသည့်နယ်မြေ၌ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပါက တိုးတက်မှုရှိသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး တပြေးညီဆောင်ရွက်ပေးနေသော်လည်း အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများ၌ ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်၍ မရကြောင်းတွေ့ရှိရသည်ဟု ၎င်းက ဆက်လက်ပြာသည်။
ထို့ကြောင့် နောက်ကျကျန်ခဲ့ခြင်း အကျိုးဆက်ကိုသာ နယ်မြေခံလူထုက ခံစားနေရကြောင်းနှင့် လူတစ်စု၏ မိုက်မဲမှုကို ဒေသခံလူအများက ခံနေရခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ပြည်သူလူထုအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုးကို ကြည့်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပြီး နစကအဖွဲ့ဝင်များအနေဖြင့်လည်း အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ထပ်မံတိုက်တွန်းထားသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ဒေသခံလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူလူထုအနေဖြင့် အိုးအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း၊ နေရပ်စွာခွာထွက်ပြေးနေရခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်(၁၉)ရောဂါကူးစက်ခံရသူအသစ်များ တိုးလာနေကြောင်း WHO ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ