Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို လာမည့် မတ်လ၌ ရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့မည်

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၄

လူဦးရေစာရင်းများထဲမှ မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို လာမည့် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံး၌ မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းစဉ်များကို ပြီးခဲ့သော ဇန်နဝါရီလ ၉ ရက်မှစတင်ကာ ဇန်နဝါရီလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရန် ကောက်ယူရရှိသော လူဦးရေစာရင်းအချက်အလက်များကို တိုင်းနှင့်ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်းကာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နေသည့်ကာလဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် e-ID Software ၌ ထည့်သွင်းပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း စုစု ပေါင်း ၁၃ ဒသမ ၅ သန်းကျော်ရှိရာတွင် ယခုမြေပြင်ကွင်းဆင်း၍ လက်ရှိအိမ် ထောင်စုပုံစံဖြင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သော အိမ်ထောင်စုမှာ ၁၁ ဒသမ ၇ သန်းကျော်ရှိကြောင်း ဝန်ကြီးဦးမြင့်ကြိုင်က ဆိုသည်။

ထို့ပြင် အခြားဒေသမှ အိမ်ထောင်စုစာရင်းသာရှိသူများ၊ လက်ရှိအိမ်ထောင်စုစာရင်း မရှိသူများကို အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့် အိမ်ထောင်စု ၂ ဒသမ ၈ သန်းကျော်ကို ကောက်ယူနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လုပ်ငန်းဆောင် ရွက်ပြီးစီးမှုပမာဏမှာ ၈၆ ဒသမ ၇ ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့ပြီးဖြစ်သော်လည်း အိမ်ထောင်စု နှစ်သန်းနီးပါးမှာ ကောက်ယူရန်ကျန်ရှိနေသေးကြောင်း ဝန်ကြီးဦးမြင့် ကြိုင်က ပြောသည်။

ထိုသို့ ဆောင်ရွက်ပြီးစီးသည့် စာရင်း၊ ဇယား၊ အချက်အလက်များအပေါ် မူတည်ကာ မဲပေးရန်အသက်ပြည့်မီသည့် မဲပေးပိုင်ခွင့်ရှိသူလူဦးရေကို ၂ဝ၂၃ ခုနှစ် မတ်လအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ ဆက် လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောဆိုထား သည်။

လူဦးရေစာရင်းကောက်ယူရန် ကျန်ရှိနေသည့် ဒေသများတွင်လည်း တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်ဆည်ကား ဆက်လက်ကွင်းဆင်းကောက်ယူနိုင်ရေး စီမံဆောင် ရွက်ပေးရန် ဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းထားသည်။


zawgyi version


မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၎









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်း နှင့် မြန်မာနယ်စပ်ဒေသတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသူနှစ်ဦး သေဆုံးခဲ့

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved