၄ လနှင့်အထက် မီတာမဆောင်သည့် မီတာပုံးများကို လိုက်လံဖြုတ်သိမ်းတော့မည်
NSS - စက်တင်ဘာ ၁
၄ လနှင့်အထက် မီတာမဆောင်သူများနှင့် ၆ လနှင့်အထက် သုံစွဲမှုမရှိသော မီတာပုံးများကို ယနေ့ စက်တင်ဘာလ ၁ ရက်မှစ၍ လိုက်လံဖြုတ်သိမ်းတော့မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း YESC မှ ထုတ်ပြန်ထား ကြောင်း မြို့နယ်လျှပ်စစ်ရုံးများမှ သိရသည်။
မီတာပုံးများအား လိုက်လံဖြုတ်သိမ်းမည် ဆိုခြင်းကို ပြီးခဲ့သည့်ဇွန်လအတွင်းကစ၍ မြို့နယ်အသီးသီး၏ လျှပ်စစ်ရုံးများတွင် ဗီနိုင်းဆိုင်းဘုတ်များကပ်ကာ အသိပေးထားပြီး အရေးယူဆောင်ရွက်မှုအား စက်တင်ဘာ ၁ ရက်က စတင်ပြုလုပ်မည်ဟု သိရသည်။
"ကြွေးကျန်ရှိနေတဲ့သူတွေရော၊ ဇီရိုးမီတာချည်းပဲ ဖြစ်နေတဲ့သူတွေကိုရော ဒီလကစပြီး အရေးယူမယ်လို့ အသိပေး ထားတာ သုံးလလောက်ကြာပြီ၊ အဲဒါတွေအပြင် မီတာဆောင်ဖို့ ရက်ကျော်တဲ့သူတွေကိုလည်း မီးဖြတ်တဲ့ အရေးယူ မှုတွေ လုပ်သွားမယ်လို့ သိရတယ်" ဟု တောင်ဒဂုံမြို့နယ်၏ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။
၄ လနှင့်အထက် မီတာကြွေးကျန်ရှိသူများနှင့် ၆ လနှင့်အထက် မီတာသုံးစွဲမှုမရှိသူများကို သက်ဆိုင်ရာမြို့နယ် အလိုက် စိစစ်ထားကာ ယနေ့မှစ၍ ရက်ပိုင်းအတွင်း မီတာပုံးများအား လိုက်လံဖြုတ်သိမ်းမည်ဟု သိရသည်။
၆ လနှင့်အထက် မီတာသုံးစွဲမှု မရှိသူများ၏ မီတာပုံးများအား ဖြုတ်သိမ်းမည့်အပေါ်တွင် လူထုအကြားဝေဖန်မှုများ ရှိနေသည်။
ထို့ပြင် မီတာဖြုတ်သိမ်းခံရပါက သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးတွင် အသစ်ပြန်လည်လျှောက်ထားကာ ဝယ်ယူ သုံးစွဲရမည်ဟု သိရပြီး လက်ရှိ ကာလပေါက်စျေးအရ ရိုးရိုးအိမ်သုံးမီတာတစ်လုံးလျှင် ကျပ်တစ်သိန်းကျော်မှ ပါဝါ မီတာတစ်လုံးလျှင် ဆယ့်နှစ်သိန်းကျပ် ဝန်းကျင်အထိရှိပြီး ပြန်လည်တပ်ဆင်ရန် မြို့နယ်လျှပ်စစ်ရုံးတွင် လျှောက် ထားပါက ရက်သတ္တပတ် နှစ်ပတ်မှ တစ်လအတွင်း ကြာမြင့်နိုင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်ခြားမြေပုံကိစ္စမှာ စိတ်အေးအေးထားဖို့ အိန္ဒိယအစိုးရကို တရုတ် ပြောကြား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ