ကိုရီးယားတွင် (၃)နှစ်ထက်ပို၍ တရားဝင်အလုပ်လုပ်ခဲ့သည့် မြန်မာလုပ်သားများ ထပ်မံသွားရောက်နိုင်ရေးအတွက် CBT စနစ်ဖြင့် ကိုရီးယားစာမေးပွဲကျင်းပမည်
ယွန်း (NSS) - စက်တင်ဘာ ၁
ကိုရီးယားနိုင်ငံတွင် (၃)နှစ်ထက်ပို၍ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားများ ထပ်မံ သွားရောက်အလုပ်လုပ်နိုင်ရေးအတွက် CBT စနစ်ဖြင့် ကိုရီးယားအရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ယနေ့(စက်တင်ဘာ ၁ ရက်)နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံ သဘောတူညီမှုစာချွန်လွှာအရ နိုင်ငံခြားသား လုပ်သားခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန် ဆန္ဒရှိ သည့် မြန်မာလုပ်သားများအတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျှက်ရှိရာ ယခုအခါ ကိုရီးယားနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် (၂ဝ၁ဝ) ပြည့်နှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပြန်လည်ရောက်ရှိ ခဲ့သော မြန်မာအလုပ်သမားများကို ထပ်မံသွားရောက်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများ ထပ်မံသွားရောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး Computer Based Test(CBT)စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ကိုရီးယားဘာသာအရည်းအချင်းစစ် အထူးသီးသန့်စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါစာမေးပွဲအောင်မြင်သူများသာ နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဥ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့် Online Application ဖြင့် လျှောက်ထားမှုကို စက်တင်ဘာ(၄)ရက်မှ (၈)ရက်အထိ ခွင့်ပြုပြီး စာမေးပွဲကို အောက်တိုဘာ(၄)ရက်မှ (၂ဝ)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက်စာမေးပွဲအောင်စာရင်းကို အောက်တိုဘာ(၂၇)ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါစာမေးပွဲကို ပင်လုံခန်းမ၊ မင်းရဲကျော်စွာလမ်း နှင့် ဗိုလ်မင်းရောင်လမ်းထောင့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည်သူများသည် အသက်(၁၈)နှစ်မှ (၃၅)နှစ်ရှိရန်လိုပြီး E-9,E-10 ဗီဇာဖြင့် ကိုရီးယားနိုင်ငံတွင် (၅)နှစ်နှင့်အထက် နေထိုင်ခဲ့သူများသည် စာမေးပွဲကို ဖြေဆိုခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအုပ်စုဝင်နိုင်ငံများမှာ ရုရှားကြေးစားတပ်ဖွဲ့တွေကို နှင်ထုတ်သွားဖို့ အခွင့်အရေးမရှိကြောင်း ဘီလာရုစ့်သမ္မတပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း