အိန္ဒိယနိုင်ငံသား အများစုက ရုရှားသမ္မတပူတင်ကိုအားပေးထောက်ခံကြောင်း အမေရိကန်အခြေစိုက် သုတေသီအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
အိန္ဒိယနိုင်ငံသား အများစုဟာ ရုရှား သမ္မတပူတင်ကို အားပေးထောက်ခံမှုတွေရှိနေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အခြေစိုက် Pew Research Center ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။
အဆိုပါအဖွဲ့က ပြုလုပ်ခဲ့တဲ့စစ်တမ်းထဲမှာ အိန္ဒိယနိုင်ငံသား ၅၉ ရာခိုင်နှုန်းဟာ ကမ္ဘာ့ရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတပူတင်ဆောင်ရွက်မှုများကို ယုံကြည်မှုရှိကြောင်း ဖြေဆိုထားပါတယ်။ အိန္ဒိယနိုင်ငံသား ၅၇ ရာခိုင်နှုန်းက ရုရှားနိုင်ငံအပေါ် အပေါင်းလက္ခဏဆောင်တဲ့အမြင်မျိုးရှိနေပြီး အိန္ဒိယနိုင်ငံသား ၄၀ ရာခိုင်နှုန်းက ရုရှားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ္ဘာနိုင်ငံတွေကို သြဇာလွမ်းမိုးမှု တိုးလာကြောင်း ယုံကြည်နေပါတယ်။ စစ်တမ်းဖြေဆိုသူ အိန္ဒိယနိုင်ငံသား ၇၁ ရာခိုင်နှုန်းက ရုရှားနိုင်ငံရဲ့ရေနံ နဲ့ ဓါတ်ငွေ့တွေရယူနိုင်မှုတွေကို ထိန်းသိမ်းထားရမယ့်အချက်ဟာ အလွန်အရေကြီးတယ်လို့ ဖြေဆိုခဲ့ပါတယ်။
အဆိုပါ အဖွဲ့ဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားပေါင်း ၃၀၀၀၀ ကျော်ကို ဖေဖော်ဝါရီလကနေ မေလအတွင်း စစ်တမ်းကောက်ယူခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားအထီးကျန်နိုင်ငံဖြစ်အောင်လုပ်ဆောင်ဖို့ဖိအားပေးခဲ့သလို အိန္ဒိယကိုလည်း ရုရှားနဲ့ အဆက်အဆံမလုပ်ဖို့တောင်းဆိုခဲ့ဖူးကြောင်းသိရပါတယ်။ ဒါပေမယ့် အိန္ဒိယဟာ အနောက်အုပ်စုတွေရဲ့ဖိအားကို ဆန့်ကျင်ပြီး ရုရှားနဲ့ ဆက် ဆံရေးကိုတိုးမြှင့်ဆောင်ရွက်ခဲ့ကာ ရုရှားနိုင်ငံထံကနေ ရေနံ နဲ့ ဓါတ်ငွေ့ တင်သွင်းမှုတွေကို ပိုမိုလုပ် ဆောင်လာခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယနိုင်ငံသား ၆၈ ရာခိုင်နှုန်းက အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ္ဘာ့ရေးရာကိစ္စတွေမှာ သြဇာလွှမ်းမိုးမှုတွေ ပိုမိုမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်တင်ဘာလ(၂)ရက်မှစ၍ နိုင်ငံကူးလက်မှတ်သက်တမ်းကုန်သူများအား ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းသွားမည်ဟု ထိုင်းရှိ မြန်မာသံရုံးကြေညာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း