ဆိုရှယ်မီဒီယာကုမ္ပဏီ X (တွစ်တာ) ဟာ ယခင်တားမြစ်ချက်ကိုပြောင်းပြန်လှန်ကာ နိုင်ငံရေးကြော်ငြာတွေ ပြန်လည်ခွင့်ပြုလာ
ဆိုရှယ်မီဒီယာကုမ္ပဏီ X (တွစ်တာ) ဟာ ယခင်တားမြစ်ချက်ကိုပြောင်းပြန်လှန်ကာ နိုင်ငံရေးကြော်ငြာတွေ ပြန်လည်ခွင့်ပြုလာ
ရောင်နီ (NSS) - ဩဂုတ် ၃၁
ယခင်က တွစ်တာလို့ လူသိများခဲ့တဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း X ဟာ နိုင်ငံရေးကြော်ငြာတွေအပေါ် ၎င်းရဲ့ပိတ်ဆို့မှုကို ပြန်လည်ဖယ်ရှားလိုက်ပြီဖြစ်ပြီး မှားယွင်းတဲ့သတင်းအချက်အလက်တွေကိုတော့ ဆက်လက်တားမြစ်သွားမယ်လို့ ဆိုပါတယ်။
၂ဝ၂၄ ခုနှစ်အတွက် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရာသီစတင်ချိန်မှာ အဆိုပါလှုပ်ရှားမှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေး သတင်းကြော်ငြာတွေကို ပြန်ခွင့်ပြုသွားမယ်လို့ X က ဘလော့ဂ်ပို့စ်တစ်ခုနဲ့ အင်္ဂါနေ့ (သြဂုတ်လ ၂၉ ရက်) က ပြောကြားခဲ့တာပါ။
"နိုင်ငံရေး ကြော်ငြာတွေကို ပြန်လည်ခွင့်ပြုသွားဖို့ ရှိပါတယ်။ အမေရိကန်က ကြော်ငြာတဲ့ နိုင်ငံရေးရာကြော်ငြာတွေအတွက် အခကြေးငွေပေးဆောင်ရတဲ့မူဝါဒတွေကို ဆက်လက်ကျင့်သုံးသွားမယ်" လို့ X က အဆိုပါပို့စ်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လူထုရဲ့ယုံကြည်မှုကို ပျက်ပြားအောင်ရည်ရွယ်တဲ့၊ မှားယွင်းတဲ့ သတင်းအချက်အလက်တွေ၊ လှည့်ဖြားတဲ့အကြောင်းအရာတွေကိုတော့ တားမြစ်ထားမယ်လို့ သိရပါတယ်။
၂ဝ၁၉ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်ခဲ့တဲ့ အဆိုပါ အက်ပ်ဟာ ပြီးခဲ့တဲ့နှစ်က ဘီလျံနာအီလွန်မက်ခ်က ဝယ်ယူခဲ့ပြီး နောက်ပိုင်း X အဖြစ် နာမည်ပြောင်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကြော်ငြာဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။
ကုမ္ပဏီအနေနဲ့လည်း ၎င်းရဲ့ဘေးကင်းရေးနဲ့ ရွေးကောက်ပွဲကြောင့် ပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုတွေအတွက် ပလက်ဖောင်းကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရက်ပိုင်းအတွင်း စားသုံးဆီဈေးနှုန်းများ သိသာစွာကျဆင်းရေး ဆောင်ရွက်မည်ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း