အချစ်ကိုဗန်းပြကာ လိမ်လည်မှုတွေလုပ်နေတဲ့ တရုတ်လူလိမ်ဂိုဏ်းအဖွဲ့ဝင် ၈၈ ဦး အင်ဒိုနီးရှားမှာ ဖမ်းဆီးခံရ
ရောင်နီ (NSS) - ဩဂုတ် ၃၁
တရုတ်နိုင်ငံမှာ လူရာနဲ့ချီကို အွန်လိုင်းမှ အချစ်ရေးဗန်းပြကာ လိမ်လည်မှုတွေပြုလုပ်နေတဲ့ ဂိုဏ်းတစ်ခုမှာ ပါဝင်ပတ်သတ်မှု သံသယနဲ့ တရုတ်နိုင်ငံသား ဒါဇင်ပေါင်းများစွာ အင်ဒိုနီးရှားမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သြဂုတ် ၃ဝ ရက်မှာ ပြောကြားခဲ့ပါတယ်။
တရုတ်အာဏာပိုင်တွေရဲ့သတင်းပေးချက်အရ အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ ရီအူ ကျွန်းစု၊ ဘက်တန်မြို့ရှိ စက်မှုဥယျာဉ်တစ်ခုမှာ အမျိုးသား ၈၃ ဦးနဲ့ အမျိုးသမီး ၅ ဦးကို အင်္ဂါနေ့ (သြဂုတ်လ ၂၉ ရက်) က ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါအဖွဲ့ဟာ တရုတ်နိုင်ငံမှာ လူပေါင်းရာနဲ့ချီကို လိမ်လည်ခဲ့သူတွေဖြစ်ပြီး အလိမ်ခံရသူ အများစုဟာ အစိုးရအရာရှိတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ အလိမ်ခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံသား ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပြီး မပါရှိဘူးဆိုရင် လိမ်လည်သူတွေကို ချက်ချင်းပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်လို့ ရီအူ ကျွန်းစုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
ဇက်ဝါနီပန်ဒရာအားဆက်ဒ်က ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၃ဝ ရက်) မှာ ပြောကြားခဲ့ပါတယ်။ လိမ်လည်သူတွေဟာ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ၎င်းတို့လိမ်ညာမယ့်သူကို တကယ်အချစ်စစ်နဲ့ ချစ်သလို ဟန်ဆောင်ခဲ့ကြပါတယ်။ အမျိုးသမီးတွေကို ဗွီဒီယိုကောနဲ့ခေါ်ဆိုစဉ် လိင်ပိုင်းဆိုင်ရာပြသအောင် ဆွဲဆောင်ပြောဆိုပြီး အဆိုပါလိင်ပိုင်းဆိုင်ရာပုံတွေကို record ယူထားကာ အဲဒါတွေပြပြီး ငွေညှစ်ကြတယ်လို့ သိရပါတယ်။
၎င်းတို့အဖွဲ့ဟာ ဘယ်လောက်ကြာကြာ လည်ပတ်နေပြီး ၎င်းတို့ ရရှိငွေ ဘယ်လောက်ရှိနေပြီလဲဆိုတာ မရှင်းလင်းသေးပါဘူး။ တရုတ်ရဲတပ်ဖွဲ့က ၎င်းတို့ရဲ့တရုတ်ပြည်တွင်း ကွန်ရက်တွေကို နှိမ်နင်းခဲ့ခြင်းကြောင့် လူလိမ်ဂိုဏ်းတွေဟာ အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းရွှေ့လာကြတာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုရှယ်မီဒီယာကုမ္ပဏီ X (တွစ်တာ) ဟာ ယခင်တားမြစ်ချက်ကိုပြောင်းပြန်လှန်ကာ နိုင်ငံရေးကြော်ငြာတွေ ပြန်လည်ခွင့်ပြုလာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း