တက္ကစီယာဉ်မောင်းအဖိုးအိုကို ဓားဖြင့်ထိုးသတ်လုယက်ခဲ့သော လူငယ်(၂)ဦးကို ပုဇွန်တောင်ဈေးအတွင်းဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဩဂုတ် ၃၀
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တက္ကစီယာဉ်မောင်းအဖိုးအိုအား ဓားဖြင့်ထိုးသတ်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်လုယက်သွားသူ အမျိုးသား(၂)ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူသတ်လုယက်သူအမျိုးသား(၂)ဦးကို ယနေ့(ဩဂုတ်လ ၃၀ ရက်)၊ ညနေ ၃နာရီခွဲအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အသတ်ခံခဲ့ရသည့်တက္ကစီယာဉ်မောင်းအဖိုးအိုနှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
“သတ်တဲ့သူတွေကို ဒီနေ့ဖမ်းမိတယ်ပေါ့နော်။ ဖမ်းမိတာက ပုဇွန်တောင်ဈေးမှာဖမ်းမိတာ။ အသက်က(၂၀)ကျော်ကျော်လေးတွေပါ။ ၂ဦးပေါ့။ လူမိုက်လိုပုံစံမျိုးတွေပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ဖမ်းဆီးရမိသူအမျိုးသား(၂)ဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက် နေ့လည်ပိုင်းအချိန်တွင် ပုဇွန်တောင်မြို့နယ်ရှိ ယာဉ်မောင်းသင်တန်း ကျောင်းရှေ့မှစတင်ကာ တက္ကစီကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ကျွန်းရွှေဝါလမ်း၊ မြသီတာပန်းခြံရှေ့အရောက်တွင် ၎င်းတို့ငှားရမ်းခဲ့သည့်တက္ကစီမှ အသက်(၆၀)ဝန်းကျင် ယာဉ်မောင်းအဖိုးအိုအား ဓားဖြင့်ထိုးသတ်ကာ ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၏ ခြိမ်းခြောက်မှုများရှိနေသရွေ့ အမေရိကန်တပ်ဖွဲ့များကို ဆက်လက်ထားရှိဦးမည်ဖြစ်ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း