မလေးရှား၌ မြန်မာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် နောက်ကျခဲ့ခြင်းကြောင့် သေဆုံးခဲ့ရ
စော(NSS) - ဩဂုတ် ၃၀
မလေးရှားနိုင်ငံ၌ မြန်မာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် အချိန်ကြန့်ကြာမှုများရှိခဲ့သည့်အတွက် သေဆုံးခဲ့ရကြောင်း သိရသည်။
နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ ယနေ့(ဩဂုတ်လ ၃၀ ရက်) တွင် အထက်ပါကဲ့သို့အသိပေးထားခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ၊ KL Maluri ဆင်ခြေဖုံးရပ်ကွက်၌နေထိုင်သော မြန်မာနိုင်ငံသား အမျိုးသမီးသည် နေအိမ်ပေါ်တွင် ရေပိုက်အား ခလုတ်တိုက်မိပြီး (၂)ပေခန့်ရှိအမြင့်မှလဲကျခဲ့၍ ဦးခေါင်းဘယ်ဘက်ခြမ်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ဆေးခန်းသွားရန်အတွက် အထောက်အထားမရှိသည့်အပြင် ၎င်းအား ဆေးခန်းလိုက်ပို့ပေးမည့်သူကို စောင့်ဆိုင်းခဲ့ရပြီး ဆေးခန်းသို့ရောက်ရန် နောက်ကျသွားရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသမီးသည် မိချစ်စုရီ (၂၃)နှစ်ဖြစ်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအနောက်ဘက်ကမ်းကျေးရွာအုပ်စု သရက်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
၎င်းသည် မလေးရှားနိုင်ငံကို လာရောက်နေထိုင်သည်မှာ လပိုင်းသာရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကစီယာဉ်မောင်းအဖိုးအိုကို ဓားဖြင့်ထိုးသတ်လုယက်ခဲ့သော လူငယ်(၂)ဦးကို ပုဇွန်တောင်ဈေးအတွင်းဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း