စက်တင်ဘာလ(၁)ရက်တွင် ဖွင့်လှစ်မည့်(၅၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေကျပ်(၅)ဘီလျံကျော်ရှိခဲ့
ပုံစာ - ပြီးခဲ့သည့် ၂၉ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအားတွေ့ရစဉ်
မျိုးကြီး (NSS) - သြဂုတ် ၃၀
လာမည့်စက်တင်ဘာလ(၁)ရက်တွင် ဖွင့်လှစ်မည့်(၅၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းရငွေကျပ်(၅)ဘီလျံကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့(သြဂုတ်လ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
(၅၄)ကြိမ်မြောက် (၁၀၀၀)ကျပ်တန် အောင်ဘာလေသိန်းဆုထီလက်မှတ်များကို “က”အက္ခရာမှ အစဉ် လိုက် “စ”အက္ခရာအထိ အက္ခရာ(၆)လုံးနှင့် အောင်ဘာလေအွန်လိုင်းသိန်းဆု ထီလက်မှတ်များကို “ဆ”မှ “ဌ”အထိ အက္ခရာ(၆)လုံး စုစုပေါင်း အက္ခရာ(၁၂)လုံးရောင်းချခဲ့ကြောင်း သိရသည်။
ယင်းထီလက်မှတ်များ ရောင်းချရငွေသည် ကျပ်သန်း ၅၂၉၃ ဒသမ ၁၈၈ ဖြစ်ပြီး ၎င်း၏ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၃၇၀၅ ဒသမ ၂၃၁ ကိုထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်ပေးမည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲက ကြေညာထားသည်။
အဆိုပါ ထီရောင်းရငွေ ၇၀ ရာခိုင်နှုန်းအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၁၃၄ ဒသမ ၈၀၀ ကိုလည်း ထည့်သွင်းချီးမြှင့်ပေးမည်ဟု ထပ်မံကြေညာထားသည်။
နစကအစိုးရလက်ထက်ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ လစဉ်ထီလက်မှတ်ရောင်းချရငွေသည် ငွေကျပ် (၃)ဘီလျံကျော်သာရှိခဲ့ပြီး လက်ရှိအချိန်တွင် (၅)ဘီလျံကျော်အထိ တိုးမြှင့်ရရှိလာသည်ကို တွေ့ရှိရသည်။
မကြာမီဖွင့်လှစ်မည့် (၅၄)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲ၌ အထူးဆုကြီးအနေဖြင့် ကျပ်သိန်းငါးထောင်၊ ကျပ်သိန်းနှစ်ထောင်၊ ကျပ်သိန်း တစ်ထောင်တစ်ဆုစီ ထည့်သွင်းချီးမြှင့်ပေးသွားမည်ဟု ကြေညာထားသည်။
လက်ရှိ နစကအစိုးရလက်ထက် ပြီးခဲ့သော အောင်ဘာလေထီဖွင့်ပွဲများ၌ ကျပ်သိန်းငါးထောင်နှင့် ကျပ်သိန်းတစ်ထောင်ကိုသာ အထူးဆုကြီးအနေဖြင့် သတ်မှတ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ပြီးခဲ့သော NLD အစိုးရလက်ထက် အောင်ဘာလေထီဖွင့်ပွဲများ၌ အထူးဆုအား ငွေကျပ်သိန်းတစ်သောင်းခွဲအထိ ပေးအပ်ချီးမြှင့်မှုများရှိခဲ့သည်။
(၅၄)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေထီဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီအချိန်တွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကျင်းပသွားမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ