နိုင်ငံကူးလက်မှတ်အတွက် Online မှ QR Code ဖြင့် ရက်ချိန်းရယူသည့်စနစ်အား ပြောင်းလဲဆောင်ရွက်မည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအသိပေး
ယွန်း (NSS) - သြဂုတ် ၂၉
လာမည့် စက်တင်ဘာလ(၄)ရက်မှစ၍ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်သည့်ကိစ္စများကို Online မှ QR Code ဖြင့် ရက်ချိန်းရယူသည့်စနစ်ကို ပြောင်းလဲဆောင်ရွက်မည်ဟု ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကအသိပေး ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ယနေ့(သြဂုတ်လ ၂၉ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများအတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး/ပျောက်ဆုံး/အသစ်လျှောက်ထားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံရုံးသို့ လူကိုယ်တိုင်လာရောက်၍ ရက်ချိန်းရယူသည့်စနစ်ကို လာမည့် စက်တင်ဘာလ(၁)ရက်အထိသာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စက်တင်ဘာလ(၄)ရက်မှစ၍ Online မှ QR Code ဖြင့် ရက်ချိန်းရယူသည့် စနစ်သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။
အဆိုပါ QR Code ရယူရန်အတွက် မြန်မာသံရုံး၏ www.mekl.org သို့ Mobile ဖုန်းဖြင့်လည်းကောင်း၊ Computer ဖြင့်လည်းကောင်း ဝင်ရောက်နိုင်ပြီး ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လိုသည့် ကိစ္စများကို သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ ဆောင်ရွက်ရန် သံရုံးမှ ထုတ်ပြန်ထားသည်။
QR Code ရယူပြီးသူများအတွက် မြန်မာသံရုံးသို့ လာရောက်ရမည့်နေ့ရက်များကို မှတ်ပုံတင်ထားသည့် Mobile ဖုန်းနံပါတ်သို့ SMS ပေးပို့အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန်ယူအသင်းက မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းထံ အငှားစာချုပ်ဖြင့် ချထားပေးဖို့ ငြင်းဆန်ပယ်ချခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ