ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ စစ်ဖြစ်နေသော ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုကျဆင်းနေကြောင်း IMF ဆို
Pika (NP News) - ဖေဖော်ဝါရီ ၁
ကမ္ဘာပေါ်ရှိ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများထဲတွင် ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် အဆိုးဆုံးအခြေအနေတွင် ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံသည် ရုရှားထက် စီးပွားရေးအခြေအနေ ပိုမိုကျဆင်းနေပြီး ၂ဝ၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်ရမည့် တစ်ခုတည်းသော G-7 အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။
ဗြိတိန်နိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်တွင် (ဝ ဒသမ ၃) ရာခိုင်နှုန်း တိုးလာခဲ့သော်လည်း ယခုနှစ်တွင် (ဝ ဒသမ ၆) ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းပြောဆိုခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများသည် ၂ဝ၂၂ ခုနှစ်တွင် (၂ ဒသမ ၂) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် (ဝ ဒသမ ၃) ရာခိုင်နှုန်း မြင့်တက်လာမည်ဟု ခန့်မှန်းထားသော ပိတ်ဆို့အရေးယူမှုများခံရသည့် ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုနည်းပါး ကြောင်းလည်း သိရသည်။
ဗြိတိန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် ၂ဝဝ၉ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း ပထမဆုံးစီးပွားရေး ကျဆင်းမှုဖြစ်ကြောင်းလည်း သိရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ၂ဝ၂၃ ခုနှစ် ခန့်မှန်းချက်များအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် (၁ ဒသမ ၄) ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံက (ဝ ဒသမ ၁) ရာခိုင်နှုန်း၊ ပြင်သစ်က (ဝ ဒသမ ၇) ရာခိုင်နှုန်း၊ အီတလီက (ဝ ဒသမ ၆) ရာခိုင်နှုန်း၊ ဂျပန်က (ဝ ဒသမ ၈) ရာခိုင်နှုန်း နှင့် ကနေဒါက (၁ ဒသမ ၅) ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်ကြောင်းသိရသည်။
အခြား G-7 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးပိုင်းသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက တိုးတက်လာခြင်း (သို့မဟုတ်) ပြောင်းလဲလာခြင်းမျိုးမရှိခဲ့သော်လည်း ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ အတိုးနှုန်းနှင့် အခွန်နှုန်းများ တိုးလာခဲ့ခြင်းကြောင့် ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှုများကြောင့် အစိုးရ၏ အသုံးစရိတ်ကန့်သတ်မှုနှင့်အတူ လူနေမှုစရိတ် အကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
Zawgyi Version;
ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးမွာ စစ္ျဖစ္ေနေသာ ႐ုရွားႏိုင္ငံ စီးပြားေရးထက္ ပိုမိုက်ဆင္းေနေၾကာင္း IMF ဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၁
ကမာၻေပၚရွိ စက္မႈဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားထဲတြင္ ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးသည္ အဆိုးဆုံးအေျခအေနတြင္ ရွိေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ IMF က ခန႔္မွန္းေျပာဆိုခဲ့သည္။
ၿဗိတိန္ႏိုင္ငံသည္ ႐ုရွားထက္ စီးပြားေရးအေျခအေန ပိုမိုက်ဆင္းေနၿပီး ၂ဝ၂၃ ခုႏွစ္တြင္ စီးပြားေရးက်ဆင္းမႈမ်ားႏွင့္ ရင္ဆိုင္ရမည့္ တစ္ခုတည္းေသာ G-7 အဖြဲ႕ဝင္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္လာမည္ျဖစ္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြ အဖြဲ႕က ထုတ္ျပန္ေျပာဆိုခဲ့သည္။
ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးသည္ ၿပီးခဲ့သည့္ႏွစ္တြင္ (ဝ ဒသမ ၃) ရာခိုင္ႏႈန္း တိုးလာခဲ့ေသာ္လည္း ယခုႏွစ္တြင္ (ဝ ဒသမ ၆) ရာခိုင္ႏႈန္း က်ဆင္းသြားႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က ခန႔္မွန္းေျပာဆိုခဲ့သည္။ အဆိုပါ ကိန္းဂဏန္းမ်ားသည္ ၂ဝ၂၂ ခုႏွစ္တြင္ (၂ ဒသမ ၂) ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီးေနာက္ (ဝ ဒသမ ၃) ရာခိုင္ႏႈန္း ျမင့္တက္လာမည္ဟု ခန႔္မွန္းထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားခံရသည့္ ႐ုရွားႏိုင္ငံ စီးပြားေရးထက္ ပိုမိုနည္းပါး ေၾကာင္းလည္း သိရသည္။
ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးက်ဆင္းမႈသည္ ၂ဝဝ၉ ခုႏွစ္ ဘ႑ာေရး အက်ပ္အတည္းေနာက္ပိုင္း ပထမဆုံးစီးပြားေရး က်ဆင္းမႈျဖစ္ေၾကာင္းလည္း သိရသည္။ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕၏ ၂ဝ၂၃ ခုႏွစ္ ခန႔္မွန္းခ်က္မ်ားအရ အေမရိကန္ႏိုင္ငံ၏ စီးပြားေရးတိုးတက္မႈႏႈန္းသည္ (၁ ဒသမ ၄) ရာခိုင္ႏႈန္း၊ ဂ်ာမနီႏိုင္ငံက (ဝ ဒသမ ၁) ရာခိုင္ႏႈန္း၊ ျပင္သစ္က (ဝ ဒသမ ၇) ရာခိုင္ႏႈန္း၊ အီတလီက (ဝ ဒသမ ၆) ရာခိုင္ႏႈန္း၊ ဂ်ပန္က (ဝ ဒသမ ၈) ရာခိုင္ႏႈန္း ႏွင့္ ကေနဒါက (၁ ဒသမ ၅) ရာခိုင္ႏႈန္း ျမင့္တက္လာမည္ျဖစ္ေၾကာင္းသိရသည္။
အျခား G-7 အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ စီးပြားေရးပိုင္းသည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလ ကတည္းက တိုးတက္လာျခင္း (သို႔မဟုတ္) ေျပာင္းလဲလာျခင္းမ်ိဳးမရွိခဲ့ေသာ္လည္း ၿဗိတိန္ႏိုင္ငံ၏ စီးပြားေရးမွာ အတိုးႏႈန္းႏွင့္ အခြန္ႏႈန္းမ်ား တိုးလာခဲ့ျခင္းေၾကာင့္ ပိုမိုဆိုး႐ြားလာခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က ေျပာၾကားခဲ့သည္။
ၿဗိတိန္ႏိုင္ငံတြင္ စီးပြားေရးက်ဆင္းမႈမ်ားေၾကာင့္ အစိုးရ၏ အသုံးစရိတ္ကန႔္သတ္မႈႏွင့္အတူ လူေနမႈစရိတ္ အက်ပ္အတည္းမ်ား ပိုမိုဆိုး႐ြားလာႏိုင္ဖြယ္ရွိေၾကာင္းလည္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမီးဘီးယားနိုင်ငံမှာ ရှားပါးမျိုးစိတ် ကြံ့မှောင်ခိုမှု ၉၃ ရာခိုင်နှုန်းထိ ရှိလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ