မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း(၆၀၀) နီးပါးတိုးလာ
NSS - ဩဂုတ် ၂၉
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာ၌ ယခင်ဘဏ္ဍာနှစ်အလားတူကာလတူထက် အမေရိကန်ဒေါ်လာ သန်း(၆၀၀)နီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရသိရသည်။
“ဆန်နဲ့ဆန်ကွဲ တင်ပို့တာလျော့နည်းပေမယ့် တခြားလယ်ယာထွက်ကုန်တွေ တရုတ်ဘက်ကို တင်ပို့တာ မြင့်တက်နေပါတယ်”ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက NSS ကို ပြောသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ(၁) ရက်မှ ဩဂုတ်လ(၁၈)ရက်အထိ မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၅ ဘီလျံကျော်ရရှိထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉၅၇ ဒသမ ၃၇၅ သန်းရရှိထားခြင်းဖြစ်သည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ကဏ္ဍတွင် လက်ရှိဘဏ္ဍာနှစ်၌ ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၈၈ ဒသမ ၁၄၅ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၆၆၅ ဒသမ ဝ၄၅ သန်း တင်သွင်းခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ပဲမျိုးစုံ၊ ရော်ဘာ နှင့် ရေထွက်ပစ္စည်းများကို တင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန် နှင့် ဆေးဝါးများကို ပြန်လည်တင်သွင်းကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ARSA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာနှင့်အဖွဲ့အစည်းအချို့က လစ်လျူရှုထားကြောင်းနှင့် ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် သတိပေးကြောင်း နစကတုံ့ပြန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း