ဘဏ္ဍာနှစ်(၁ဝ)လနီးပါးအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၇၉ သန်းရရှိ
ဖူးပြည့် (NP News) - ဖေဖော်ဝါရီ ၁
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလ ၂၅ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းအချက်အလက်များအရ သိရသည်။
ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့နိုင်မှုသည် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၉ သန်းရှိကြောင်းသိရသည်။
အဆိုပါ ကာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်မှုသည် ဧပြီလတွင် တန်ချိန် ၂ သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၈၂ သန်း၊ မေလတွင် တန်ချိန် (၁)သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၁ သန်း၊ ဇွန်လတွင် တန်ချိန် (၁)သိန်းခွဲနီးပါး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝ၊ ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၈ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၆ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁ သိန်းခွဲကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၅၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလတွင် တန်ချိန် ၉ သောင်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၁ ဒသမ ၆ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၆၅ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂ ဒသမ ၆ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁ဝ၆ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၂ ဒသမ ၂ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉ဝ နှင့် ဇန်နဝါရီလ ၂၅ ရက်အထိ တန်ချိန် ၁ ဒသမ ၉ သိန်းကျော် ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၇၉ သန်း တင်ပို့ထားကြောင်းသိရသည်။
ယင်းကာလအတွင်း နိုဝင်ဘာလတွင် အများဆုံးတင်ပို့မှုရှိခဲ့ပြီး စက်တင် ဘာလတွင် တင်ပို့မှုအနည်းဆုံးဖြစ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တင်ပို့မှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုအများဆုံး ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိပြီး နွေစပါးစိုက်ဧကပေါင်း နှစ်သန်းရှိသည့်အတွက် နှစ်စဉ် စပါးတင်းသန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်၏ ရည်မှန်းချက်သည် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ခုနစ်သန်းခန့်နှင့် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့် သုံးနိုင်ငံစာရင်းဝင်နိုင်ငံအဖြစ် ရပ်တည်ရေးဖြစ်သည်။
zawgyi version
ဘ႑ာႏွစ္(၁ဝ)လနီးပါးအတြင္း ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲတင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၆၇၉ သန္းရရွိ
ဖူးျပည့္ (NP News) - ေဖေဖာ္ဝါရီ ၁
၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္ ဧၿပီလမွ ဇန္နဝါရီလ ၂၅ ရက္အထိ ျပည္ပသို႔ ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ ၁ ဒသမ ၈ သန္းေက်ာ္တင္ပို႔ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
ဆန္ႏွင့္ဆန္ကြဲ မက္ထရစ္တန္ခ်ိန္ ၁ ဒသမ ၈ သန္းေက်ာ္တင္ပို႔ႏိုင္မႈသည္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၆၇၉ သန္းရွိေၾကာင္းသိရသည္။
အဆိုပါ ကာလအတြင္း ဆန္ႏွင့္ဆန္ကြဲတင္ပို႔ႏိုင္မႈသည္ ဧၿပီလတြင္ တန္ခ်ိန္ ၂ သိန္းခြဲေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၈၂ သန္း၊ ေမလတြင္ တန္ခ်ိန္ (၁)သိန္းခြဲေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၅၁ သန္း၊ ဇြန္လတြင္ တန္ခ်ိန္ (၁)သိန္းခြဲနီးပါး ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ သန္း ၅ဝ၊ ဇူလိုင္လတြင္ တန္ခ်ိန္ ၁ ဒသမ ၈ သိန္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၆၆ သန္း၊ ဩဂုတ္လတြင္ တန္ခ်ိန္ ၁ သိန္းခြဲေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၅၃ သန္းတင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။
အလားတူ စက္တင္ဘာလတြင္ တန္ခ်ိန္ ၉ ေသာင္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၃၇ သန္း၊ ေအာက္တိုဘာလတြင္ တန္ခ်ိန္ ၁ ဒသမ ၆ သိန္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၆၅ သန္း၊ ႏိုဝင္ဘာလတြင္ တန္ခ်ိန္ ၂ ဒသမ ၆ သိန္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၁ဝ၆ သန္း၊ ဒီဇင္ဘာလတြင္ တန္ခ်ိန္ ၂ ဒသမ ၂ သိန္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ သန္း ၉ဝ ႏွင့္ ဇန္နဝါရီလ ၂၅ ရက္အထိ တန္ခ်ိန္ ၁ ဒသမ ၉ သိန္းေက်ာ္ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၇၉ သန္း တင္ပို႔ထားေၾကာင္းသိရသည္။
ယင္းကာလအတြင္း ႏိုဝင္ဘာလတြင္ အမ်ားဆုံးတင္ပို႔မႈရွိခဲ့ၿပီး စက္တင္ ဘာလတြင္ တင္ပို႔မႈအနည္းဆုံးျဖစ္ခဲ့ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္ ဒီဇင္ဘာလတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ဆန္တင္ပို႔မႈအမ်ားဆုံးျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသို႔ ဆန္ကြဲတင္ပို႔မႈအမ်ားဆုံး ျဖစ္ေၾကာင္း သိရသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိၿပီး ေႏြစပါးစိုက္ဧကေပါင္း ႏွစ္သန္းရွိသည့္အတြက္ ႏွစ္စဥ္ စပါးတင္းသန္းေပါင္း (၂၁၃)သန္းခန႔္ ထြက္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ဆန္စပါးအဖြဲ႕ခ်ဳပ္၏ ရည္မွန္းခ်က္သည္ ၂ဝ၂၅-၂ဝ၂၆ ဘ႑ာႏွစ္တြင္ ဆန္တန္ခ်ိန္ ခုနစ္သန္းခန႔္ႏွင့္ ကမာၻ႔ဆန္အမ်ားဆုံးတင္ပို႔သည့္ သုံးႏိုင္ငံစာရင္းဝင္ႏိုင္ငံအျဖစ္ ရပ္တည္ေရးျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ စစ်ဖြစ်နေသော ရုရှားနိုင်ငံ စီးပွားရေးထက် ပိုမိုကျဆင်းနေကြောင်း IMF ဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း