G20 အဖွဲ့တွင် ပါဝင်ရန်အတွက် အာဖရိကသမဂ္ဂကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ တိုက်တွန်းတောင်းဆို
Pika (NSS) - သြဂုတ် ၂၈
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် အာဖရိကသမဂ္ဂကို G20 အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်မိုဒီသည် လာမည့်လတွင် နယူးဒေလီမြို့မှာ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးမတိုင်မီ အိန္ဒိယနိုင်ငံကို ထောက်ပံ့ရေးကွင်းဆက်ပြဿနာများ၏ ဖြေရှင်းနိုင်သော နိုင်ငံဖြစ်အောင် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
G20 အဖွဲ့တွင် နိုင်ငံပေါင်း(၁၉)နိုင်ငံ နှင့် ဥရောပသမဂ္ဂတို့ပါဝင်ပြီး ကမ္ဘာ့ GDP ၏ (၈၅)ရာခိုင်နှုန်းခန့်ရှိကာ ကမ္ဘာ့ လူဦးရေ၏ သုံးပုံပုံ နှစ်ပုံခန့်ပါဝင်ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အာဖရိကသမဂ္ဂကို G20 အဖွဲ့၏ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်စေလိုကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ဖော်ပြောခဲ့သည်။
ဂျိုးဘိုင်ဒန် က "အာဖရိကသမဂ္ဂကို G20 အဖွဲ့ဝင်အဖြစ် ပါဝင်ခိုင်းဖို့က အချိန်ကြာမယ်ဆိုပေမယ့်လည်း နောက်ပိုင်း ကျရင် အဖွဲ့ဝင်အဖြစ် ပါလာပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ထို့အပြင် မိုဒီသည် ပြီးခဲ့သည့်နှစ်က GDP အမေရိကန်ဒေါ်လာ(၃)ထရီလီယံထိ စုဆောင်းနိုင်ခဲ့သော pan-African အစုအဖွဲ့ကိုလည်း G20 အဖွဲ့ဝင်အဖြစ် ပါဝင်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ မိုဒီက "အမြဲတမ်းအဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့ ရည်ရွယ်ချက်နဲ့အတူ G20 အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ အာဖရိကသမဂ္ဂကို ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်" ဟု ပြောခဲ့သည်။
အိန္ဒိယနိုင်ငံကို ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များအတွက် အဓိကဖြေရှင်းချက် တစ်ခုဖြစ်အောင် လုပ်ဆောင်နေသလို တရုတ်နိုင်ငံ နှင့် ယှဉ်ပြိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုများကို ပိုမိုအားကောင်းအောင်လုပ်ဆောင်နေကြောင်း မိုဒီက ပြောကြားခဲ့သည်။
၎င်းက "ကိုဗစ်(၁၉)ကာလမတိုင်ခင်နဲ့ ကိုဗစ်(၁၉)ကာလနောက်ပိုင်း ပြောင်းလဲမှု အမျာားအပြားရှိခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်က ယခင်ကလိုတော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့ရေးကွင်းဆက်အတွက် အဓိကဖြေရှင်းချက်ကတော့ အိန္ဒိယနိုင်ငံပဲဆိုတာကို ကျွန်တော် အာမခံပါတယ်" ဟု ပြောခဲ့သည်။
၂ဝ၂ဝ ပြည့်နှစ်ခန့်က အိန္ဒိယ-တရုတ်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား(၂ဝ) နှင့် တရုတ်စစ်သား (၄)ဦးတို့ သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့သည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင် ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြပြီး အငြင်းပွားမှုများဖြစ်ပွားနေသော နယ်စပ်ကိစ္စများနှင့်ပတ်သက် ပြီး အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-ပြင်ဦးလွင်အတက်လမ်း၌ အိမ်စီးကားတစ်စီး မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ