အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးခန့် သေဆုံးဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၁၀၀)နီးပါးမှာလည်း ဖမ်းဆီးခံနေရ
မြူနစ် (NSS) - သြဂုတ် ၂၈
အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးခန့် သေဆုံးဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုဝင်(၁၀၀)နီးပါးသည်လည်း ဖမ်းဆီးခြင်းခံနေရကြောင်း သတင်းရရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်အထိ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်သတ် ဖြတ်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အရပ်သား (၆၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
ထိုသို့ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသူများထဲတွင် လက်နက်မဲ့ မီးသတ်တပ်ဖွဲ့ဝင်များသည်လည်း အကြမ်းဖက်သတ်ဖြတ်ခံနေရမှုများ ရှိနေသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၅၀)နီးပါးသည် ထိခိုက်ဒဏ်ရာရရှိမှုနှင့်အတူ သေဆုံးမှုများလည်းရှိနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“လက်ရှိမှာတော့ မီးသတ်တပ်ဖွဲ့မှာ အသတ်ခံရတာနဲ့ ဒဏ်ရာရသူအရေအတွက်ဟာ (၅၀)လောက်ရှိပါပြီ။ ဒါ့ပြင် မီးသတ်သမားတွေနဲ့ သူတို့ရဲ့မိသားစုဝင် (၁၀၀)လောက်ကလည်း ဖမ်းဆီးခံနေရတာ ရှိပါတယ်။ အခုချိန်ထိ မပြန်လွတ်သေးတဲ့ သူတွေလည်း ရှိပါတယ်” ဟု မီးသတ်အရာရှိတစ်ဦးက NSS ကို ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ မီးသတ်စခန်း (၃၀)ခုသည် အကြမ်းဖက်အဖွဲ့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး မီးသတ်ကားအစီးရေ (၄၀)နီးပါးသည်လည်း ဖျက်ဆီးလုယက်ခြင်းကို ခံခဲ့ရကြောင်း ၎င်းက ထပ်မံပြော သည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ မီးသတ်စခန်းမှ မီးသတ်အရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် မိသားစုဝင် (၁၉)ဦးသည် အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
အလားတူ ယခုရက်ပိုင်း (သြဂုတ်လ ၂၂ ရက်)တွင်လည်း မကွေးတိုင်း၊ ကမ္မမြို့ရှိ မီးသတ်တပ်ကြပ်ကိုသက်ခိုင်ဦးသည် ၎င်း၏ (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူ ရှိနေစဉ်အချိန်တွင် အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်လုပ်ကြံခြင်းကို ခံခဲ့ရကာ သေဆုံးခဲ့ရသည်။
“မီးသတ် ဝန်ထမ်းတွေအသတ်ခံရတာ၊ မီးသတ်ကားတွေ၊ စခန်းတွေ၊ ဖျက်ဆီးခံရတာတွေဟာ နစက အတွက် Reference Data တွေဖြစ်ပြီးတော့ PDF /NUG အတွက် မီးသတ်တပ်ဖွဲ့ဟာ လက်တည့်စမ်းစရာ၊ ဓါးသွေး သေနတ်ပစ်လေ့ကျင့်ရာဖြစ်နေပြီးလား တွေးမိရင်း အထူးစိတ်မကောင်းဖြစ်မိတယ်” ဟု မီးသတ်အရာရှိက ထပ်မံဖွင့်ဟပြောကြားသည်။
ကမ္ဘာပေါ်ရှိ စစ်ပွဲများ၌ မီးသတ်တပ်ဖွဲ့ဝင်များကို လက်နက်ကိုင်များက ရန်ရှာတိုက်ခိုက်ခြင်းမရှိသော် လည်း မြန်မာနိုင်ငံ၌ ယခုကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များ ရန်ပြုခံနေရသည်မှာ မဖြစ်သင့်ကြောင်း နှင့် စိတ်မကောင်းဖြစ်ရကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများဖြစ်သော ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်သော ဆရာဝန်များ၊ အရပ်သားများ၊ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များ သည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်သတ်ဖြတ်ခြင်းကို ခံရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်းပြန်သေနတ် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသည့် PDF (၁၀)ဦးကို နစကမှ ငွေကျပ်သိန်း(၂၅၀)ကျော် ထောက်ပံ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ