နိုင်ငံရပ်ခြားတွင် နေထိုင်သောနိုင်ငံသားများကို မြောက်ကိုရီးယားအစိုးရ ပြည်တော်ပြန်ခွင့်ပြု
Pika (NSS) - သြဂုတ် ၂၇
မြောက်ကိုရီးယားသည် ကိုဗစ်(၁၉)ကပ်ရောဂါကာလနောက်ပိုင်း တင်းကျပ်ထားသော စည်းကမ်းဖြေလျှော့မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် နိုင်ငံခြားတွင် နေထိုင်နေကြသော မြောက်ကိုရီးယားနိုင်ငံသားများကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ အရေးပေါ်ကူးစက်ရောဂါကာကွယ်ရေးဌာနချုပ်က နိုင်ငံရပ်ခြားမှာရှိသော မြောက်ကိုရီးယားနိုင်ငံသားများကို အိမ်ပြန်ခွင့်ပြုလိုက်ပါပြီဟု ကြေညာထားကြောင်း KCNA က ဖော်ပြခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် "နိုင်ငံရပ်ခြားမှ ပြန်လာတဲ့သူတွေဟာ quarantine wards တွေမှာ သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာစောင့်ကြည့်မှုတွေနဲ့ တစ်ပတ်ကြာထားရှိသွားမှာပါ။ ကမ္ဘာတစ်ဝန်းမှ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှု နည်းပါးလာတာကို အခြေခံပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ" ဟု ထုတ်ပြန်ထားသည်။
မြောက်ကိုရီးယားအစိုးရသည် ကိုဗစ်(၁၉)ကပ်ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ၂ဝ၂ဝ ပြည့်နှစ်အစောပိုင်းတွင် ၎င်း၏နယ်စပ်များကို ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း မြောက်ကိုရီးယားသည် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လာနိုင်ချေများလည်း တိုးလာနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက မြောက်ကိုရီးယားတွင် ကျင်းပသော စစ်ရေးပြအခမ်းအနားကို တရုတ် နှင့် ရုရှားတို့မှ အရာရှိများ တက်ရောက်ခဲ့ပြီး ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်က မြောက်ကိုရီးယားအစိုးရသည် ကာဇက်စတန်မြို့တွင် ကျင်းပသော တိုက်ကွမ်ဒိုပြိုင်ပွဲကို အားကစားသမားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တက်ရောက်ခွင့်ပြုခဲ့ပြီး အစိုးရပိုင် Koryo လေကြောင်းလိုင်းသည် သုံးနှစ်အတွင်း ၎င်း၏ ပထမဆုံးစီးပွားဖြစ်ပျံသန်းမှုများကို ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါလေကြောင်းလိုင်းခရီးစဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ် နှင့် မြောက်ကိုရီးယားကြား စီးပွားဖြစ် လေကြောင်းလိုင်းခရီးစဉ်များ ပြန်လည်စတင်ရန် အတည်ပြုခဲ့ကြောင်း ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင် က "နွေရာသီနဲ့ ဆောင်းရာသီတွေမှာ ပြုံယမ်း-ပေကျင်းနဲ့ ပေကျင်း-ပြုံယမ်း လေကြောင်းလမ်းပျံသန်းမယ့်အစီအစဉ်တွေကို အတည်ပြုခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၂၇ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ