အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အပေါ်ထပ်၌ ကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့၌ ဖြစ်ပွား
စော(NSS) - ဩဂုတ် ၂၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် နေအိမ်အပေါ်ထပ်၌ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံး စီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရဿည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၇ ရက်)၊ မွန်းလွဲ (၃)နာရီဝန်းကျင်အချိန်တွင် ပြည်မြို့၊ တရုတ်စုရပ်ကွက်၊ မင်းတပ်လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းထံမှ သိရသည်။
“သူကအိမ်အပေါ်ထပ်မှာ ကြိုးဆွဲချ သတ်သေနေတာပါ။ အိမ်သားတွေ တက်လာမှပဲသိရတာပါ။ ဘာကြောင့်သတ်သေတာလဲတော့ မသိဘူး။ သူက အပျိုကြီးလို့တော့ပြောတယ်”ဟု ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက်(၅၀)အရွယ်ရှိပြီး ၎င်းအား ပြည်မြို့ရှိ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် (ဩဂုတ်လ ၁၄ ရက်)၌လည်း ပြည်မြို့၊ ကြံတောစုရပ်ကွက်ရှိ လူမနေသည့် နေအိမ်အတွင်း၌ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး ဆွဲကြိုးချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမူဝါဒများမှာ ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ဟာသတစ်ခုလိုဖြစ်နေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း