အမေရိကန်စစ်သား(၂ဝ)ခန့် လိုက်ပါလာသော ရဟတ်ယာဉ် ဩစတြေးလျနိုင်ငံတွင် ပျက်ကျ
Pika (NSS) - သြဂုတ် ၂၇
ဩဂုတ်လ(၂၇)ရက်က ဩစတြေးလျနိုင်ငံမြောက်ပိုင်းနယ်မြေတွင် အမေရိကန်စစ်သားများလိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျခဲ့ကြောင်း ဩစတြေးလျကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါရဟတ်ယာဉ်ပျက်ကျမှုကြောင့် လူအသေအပျောက်စာရင်းကို လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ အမေရိကန်မရိန်းတပ်သား(၂ဝ)ခန့်ကို တင်ဆောင်လာသော V-22 Osprey အမျိုးအစား ရဟတ်ယာဉ်သည် ဒါဝင်ကမ်းရိုးတန်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း Sky News Australia က ဖော်ပြခဲ့သည်။
ဒါဝင်မြို့ မြောက်ဖက်ရှိ Tiwi ကျွန်းစုတွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်မှ စစ်ဘက်ဆိုင်ရာဝန်ထမ်းအများအပြားကို ကယ်ဆယ်နိုင်ခဲ့ပြီး လူအသေအပျောက်များမရှိကြောင်း ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း(ABC)က ပြောကြားခဲ့သည်။
ဩစတြေးလျမြောက်ပိုင်းနယ်မြေမှ ရဲတပ်ဖွဲ့များသည် Tiwi ကျွန်းစု Melville ကျွန်းတွင် ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုကို သွားရောက်ကူညီပေးခဲ့ကြောင်း မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဝန်ကြီးဌာနက "အစောပိုင်းသတင်းတွေအရ ပျက်ကျတဲ့ရဟတ်ယာဉ်ပေါ်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ လိုက်ပါသွားခဲ့တာဖြစ်ပြီး ဩစတြေးလျတပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်းမရှိဖူးလို့ သိရပါတယ်" ဟု ထုတ်ပြန်ထားသည်။
အဆိုပါရဟတ်ယာဉ်သည် Exercise Predator’s Run 2023 လေ့ကျင့်ခန်းကို လုပ်ဆောင်နေချိန်အတွင်း ဒါဝင်မြို့ မြောက်ဖက်ရှိ Tiwi ကျွန်းစု Melville ကျွန်းတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဩစတြေးလျဝန်ကြီးချုပ် Anthony Albanese သည် ရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ရန် စီစဉ်ထားကြောင်း ၎င်း၏ ရုံးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၅၀)အရွယ် အမျိုးသမီးတစ်ဦး နေအိမ်အပေါ်ထပ်၌ ကြိုးဆွဲချအဆုံးစီရင်မှု ပြည်မြို့၌ ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း