သုံးကြိမ်တိုင် မီးနီဖြတ်မောင်းခဲ့သည့် ယာဥ်မောင်းများကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ရာသက်ပန်ထုတ်ပယ်နိုင်ရေး ဆောင်ရွက်နေ
ယွန်း (NSS) - သြဂုတ် ၂၇
သုံးကြိမ်တိုင်တိုင် မီးနီဖြတ်မောင်းခဲ့သည့် YBS ယာဥ်မောင်းများကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ယာဥ်မောင်းအဖြစ်မှ ရာသက်ပန်ထုတ်ပယ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြီးခဲ့သည့် သြဂုတ်လ(၂၄)ရက်က YRTC ရုံးချုပ် သင်တန်းခန်းမ၌ကျင်းပခဲ့သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
စည်းကမ်းဖောက်ဖျက်သည့် ယာဥ်မောင်းများသည် မီးနီဖြတ်သန်းမောင်းနှင်သူများဖြစ်ပြီး ၎င်းတို့အား ယာဥ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ်ကိုချမှတ်နိုင်ကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။
ထို့ပြင် သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက ယာဥ်မောင်းကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယာဥ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှုအပြင် တစ်စီးနှင့်တစ်စီးယှဥ်ပြိုင်မောင်းနှင်မှုများ၊ မီးနီဖြတ်သန်းမောင်းနှင်မှုများကို Traffic Control Center မှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စောင့်ကြည့်၍ Video မှတ်တမ်းများဖြင့် သိမ်းဆည်းတင်ပြလာသည့်အခါ ကြီးကြပ်သူ YRTC အနေဖြင့် မျက်နှာငယ်ရကြောင်း ဦးလျန်ကျင့်မန်က ထည့်သွင်းပြောကြားထားသည်။
လက်ရှိ ရန်ကုန်မြို့၌ YBS ယာဉ်များသည် မီးနီဖြတ်ခြင်း၊ တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်းနှင့် မှတ်တိုင်တွင် စနစ်တကျမရပ်ခြင်းစသော ယာဉ်စည်ကမ်းဖောက်ဖျက်မှုများကို အများဆုံးကျူးလွန်နေကြောင်း YRTC မှ သိရသည်။
ထို့ပြင် ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်၊ လုယက်မှုဖြစ်စဉ်များသည် မကြာခဏဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိပ်စက်ချိန်နဲ့ ဆော့ကစားရတဲ့ Pokemon sleep game app ဒေါင်းလုဒ်လုပ်သူများပြားနေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း