အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ လူမည်း ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံး
ရောင်နီ (NSS) - ဩဂုတ် ၂၇
အမေရိကန်နိုင်ငံ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ရှိ ဆိုင်တစ်ဆိုင်မှာ လူမည်း၃ ဦးကို မျက်နှာဖုံးစွပ်ထားတဲ့ လူဖြူတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေက စနေနေ့ (သြဂုတ်လ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဂျက်ဆင်ဗီးလ်ရှိ ရဲအရာရှိရုံးရဲ့အဆိုအရ သေနတ်သမားဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ချေမှုန်းရေးပုံစံ ရိုင်ဖယ် သေနတ်တစ်လက်ကိုင်ဆောင်ထားကာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြောင်း သိရပါတယ်။ ၎င်းရဲ့ အမည် ကိုတော့ အတည်မပြုရသေးပါဘူး။ ၎င်းဟာ အမေရိကန်တစ်ဝှမ်းမှာ စတိုးဆိုင်များစွာ ဖွင့်လှစ်ထားတဲ့ Dollar General ရဲ့ ဆိုင်ခွဲတစ်ခုထဲမှာရှိတဲ့ လူမည်းအမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ပစ်သတ်ခဲ့ပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာတော့ သူ့ကိုယ်သူ သေနတ်နဲ့ပစ်သတ်ကာ အဆုံးစီရင်ခဲ့ပါတယ်။
"ဒီပစ်ခတ်မှုက လူမျိုးရေးလှုံ့ဆော်မှုတွေကြောင့် လူမည်းတွေကို မုန်းတီးကာ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်မယ်" လို့ Jacksonville ရဲအရာရှိ တီကေဝေါ့တာ က စနေနေ့ ( သြဂုတ်လ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ တစ်ဦးတည်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေက ယုံကြည်ပြီး ၎င်းရဲ့ရိုင်ဖယ်သေနတ်မှာ လက်နဲ့ရေးဆွဲထားတဲ့ နာဇီသင်္ကေတ စကြာတွေ တွေ့ရကြောင်း ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အမည်တွေကိုလည်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ရက်တွေအတွင်း အမေရိကန်မှာ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ဘော်စတွန် အရှေ့မြောက်ပိုင်းရှိ ကာရေဘီယံပွဲတော်တစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူခုနှစ်ဦး စနေနေ့ (သြဂုတ်လ ၂၆ ရက်) က ဆေးရုံ ပို့ဆာင်ခဲ့ရပြီး စနေနေ့ ညကလည်း ချီကာဂိုရှိ ဘေ့စ်ဘောကစားကွင်းမှာ အမျိုးသမီးနှစ်ဦး သေနတ်ထိမှန်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သုံးကြိမ်တိုင် မီးနီဖြတ်မောင်းခဲ့သည့် ယာဥ်မောင်းများကို YBS ယာဥ်လိုင်းကုမ္ပဏီမှ YRTC နှင့် ပူးပေါင်း၍ ရာသက်ပန်ထုတ်ပယ်နိုင်ရေး ဆောင်ရွက်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း