မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ တရုတ်နိုင်ငံသား(၅)ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေး
ယွန်း(NSS) - သြဂုတ် ၂၆
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ တရုတ်နိုင်ငံသား(၅)ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါသံသယရှိသူ(၅)ဦးကို ယနေ့(သြဂုတ်လ ၂၆ ရက်)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ရဲတပ်ဖွဲ့ထံ မြန်မာနိင်ငံရဲတပ်ဖွဲ့က လွှဲပြောင်းပေးအပ်ကာ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း(၂၄)ဦးကို (၄)ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သံရုံးမှထုတ်ပြန်ထားသည်။
ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ(၂၃)ရက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူနှစ်ဦးကို အလားတူပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ (၆)ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို (၄)နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုများစတင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးတွဲလှုပ်ရှားမှုသည် ဒေသတွင်းဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားနေသည့် အခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်မှာ (၂)နာရီလျှင် ကလေးတစ်ယောက်နှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရဟု NGO ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း