ပါကစ္စတန်မှာ (၂)နာရီလျှင် ကလေးတစ်ယောက်နှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရဟု NGO ဆို
ရောင်နီ (NSS) - ဩဂုတ် ၂၆
ပါကစ္စတန်မှာ ၂၀၂၃ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်နာရီလျှင် ကလေးတစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံနေရတယ်လို့ NGO အဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ကြာသပတေးနေ့ (သြဂုတ်လ ၂၄ ရက်)က ထုတ်ပြန်တဲ့ ၎င်းရဲ့နှစ်ဝက်အစီရင်ခံစာမှာ အစ္စလာမ်မာဘတ် အခြေစိုက် NGO Sahil က ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော် ကားမှု စုစုပေါင်း (၂၂၂၇)မှုထိ တိုင်ကြားချက်တွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မှတ် တမ်းတင်ထားတဲ့ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေမှာ မိန်းကလေး (၁၂၀၇)ဦး နဲ့ ယောက်ျားလေး (၁၀၂၀)ဦးထိရှိကြောင်း ၎င်းက ဆိုပါတယ်။ Sahil အမျိုးသား ဥပဒေရေးရာ အထောက် အကူပေးရေး ညှိနှိုင်းရေးမှူး အင်တက်ဇ်အာမက်ဆွန်းရက်ဟ်က ညှင်းပန်းနှိပ်စက်မှု အများစုဟာ ၆ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ နှိုင်းယှဉ်ရင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ပိုများတယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ၎င်းတို့မှတ်တမ်းတင်ခဲ့တဲ့ အမှုပေါင်း ၂၂၀၀ ကျော်အနက် ၉၁၂ မှုမှာ ပြစ်မှုကျူးလွန်သူတွေဟာ အဆိုပါ ကလေးတွေနဲ့ သိကျွမ်းသူတွေ ဖြစ်တယ်လို့ Sahil က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Sahil ရဲ့ အစီရင်ခံစာမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ၇၅ ရာခိုင်နှုန်းနီးပါးဟာ နိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ် ပန်ဂျက်မှဖြစ်ပြီး တောင်ပိုင်း ဆိုက်ဒ်ပြည်နယ်မှာ အမှုပေါင်း ၃၁၄ မှု၊ နိုင်ငံတော်မြို့တော် အစ္စလာမာဘတ်ရဲ့ ဖက်ဒရယ်နယ်မြေမှာ ၁၆၁ မှုထိ ရှိခဲ့တယ်လို့ ဖော်ကြနေပါတယ်။ ဒီစာရင်းတွေဟာ တိုက်ကြားချက်ကြောင့် ရရှိလာတဲ့စာရင်းတွေဖြစ်လို့ တိုင်ချက်မဖွင့်ရသေးတဲ့ အမှုတွေလည်း များစွာရှိနိုင်တယ်လို့ ၎င်းတို့က ဆိုပါတယ်။
နိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင် အားနည်းခြင်းကြောင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ကိစ္စတွေမှာ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၂၆ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း