နယ်စပ်ပြဿနာများကို ဖြေရှင်းရန်အတွက် တရုတ်သမ္မတ နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ဟုဆို
Pika (NSS) - ဩဂုတ် ၂၆
တရုတ်သမ္မတရှီကျင့်ဖျင် နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် အငြင်းပွားမှုများဖြစ်ပွားနေသော နယ်စပ်တစ်လျှောက်တင်းမာမှုများကို ဖြေလျော့ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ် နှင့် အိန္ဒိယတို့သည် ၂၀၂၀ ခုနှစ် မေလကတည်းက နယ်စပ်တစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၂၀ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သော နယ်စပ်တိုက်ပွဲတွင် အပြန်လှန်ပစ်ခတ်မှုကြောင့် အိန္ဒိယစစ်သား (၂၀)ဦးနှင့် တရုတ်စစ်သား(၄)ဦးတို့ သေဆုံးခဲ့ပြီးနောက် တရုတ်နှင့် အိန္ဒိယနိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါအချိန်မှစတင်ပြီး နယ်စပ်တစ်လျှောက်တွင် နှစ်ဖက်လုံးမှ စစ်သားများသောင်းချီ ဖြန့်ကျက်ချထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် တရုတ်နှင့်အိန္ဒိယတို့မှ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များသည် (၁၉) ကြိမ်မြောက် နယ်စပ်အစည်းအဝေးကို ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပခဲ့ကြောင်းလည်းသိရသည်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင်ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပွားနေသော နယ်စပ်ကိစ္စများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက"တရုတ်-အိန္ဒိယ ဆက်ဆံရေးတိုးမြှင့်ခြင်းဟာ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးတာမျိုးဖြစ်တယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံလုံးဟာ အကျိုးစီးပွားတွေကို အလေးထားပြီး ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် နယ်စပ်ပြဿနာကို စနစ်တကျကိုင်တွင်ဖြေရှင်းသင့်တယ်လို့လည်း ရှီကျင့်ဖျင်ကပြောကြားခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီဈေး အနည်းငယ် ပြန်လည် မြင့်တက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ