Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS အဖွဲ့အနေဖြင့် အနောက်အုပ်စုနိုင်ငံများကို ကြိုဆိုမည်မဟုတ်ကြောင်း ရုရှားအစိုးရပြော

Pika (NSS) - ဩဂုတ် ၂၆

အနောက်အုပ်စုနိုင်ငံများသည် BRICS အဖွဲ့ဝင်နိုင်ငံများအပေါ် ရန်လိုသည့်မူဝါဒများကို ဆက်လက်ထားရှိနေသရွေ့ ၎င်းတို့အားလုံးသည် BRICS အဖွဲ့တွင် ပါဝင်ခွင့်ရနိုင်မည်မဟုတ်ကြောင်း  ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergey Ryabkov က ထုတ်ဖော်ပြောဆိုခဲ့သည်။


BRICS အဖွဲ့သို့ဝင်ခွင့်ရရန်အတွက် အဓိကအချက်များထဲမှတစ်ခုသည် အဖွဲ့ဝင်နိုင်ငံများအပေါ် တရားမဝင်ပိတ်ဆို့အရေးယူမှုများ မလုပ်ဆောင်ရန် ဖြစ်ကြောင်း Sergey Ryabkov ကပြောဆိုခဲ့သည်။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ချ်မြို့တွင်ကျင်းပသော BRICS ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် Sergey Ryabkov က အထက်ပါကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် BRICS အဖွဲ့တွင်ပါဝင်ရန်အတွက် ဖိတ်ကြားခံခဲ့ရသော အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျ နှင့် ယူအေအီးတို့သည် အဆိုပါအချက်အလက်များကို အပြည့်အဝလိုက်နာကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုခဲ့သည်။ အနောက်အုပ်စုနိုင်ငံများသည် အဆိုပါအချက်အလက်များကို လိုက်နာခြင်းမျိုးမရှိသည့်အပြင် ဆန့်ကျင်ဘက်လမ်းစဉ်ကို လိုက်နာနေကြခြင်းကြောင့် BRICS အဖွဲ့တွင် ပါဝင်ခွင့်မရရုံသာမက BRICS အဖွဲ့၏ အစည်းအဝေးပွဲများကိုလည်း တက်ရောက်ရန် ဖိတ်ကြားခံရမည်မဟုတ်ကြောင်း Sergey Ryabkov ကပြောဆိုခဲ့သည်။

သို့သော်လည်း ပိတ်ဆို့အရေးယူမှုများချမှတ်သည့် မူဝါဒများကို စွန့်လွှတ်မည့် အနောက်အုပ် စုနိုင်ငံများသည်  BRICS အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရန်အတွက် လျှောက်လွှာတင်ခြင်းများကို လုပ်ဆောင်နိုင်ကြောင်း Sergey Ryabkov ကပြောကြားခဲ့သည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများသည် BRICS အဖွဲ့ဝင် ရုရှားကို ပိတ်ဆို့အရေးယူမှုများ အကြိမ်ကြိမ် ချမှတ်ခဲ့ကြောင်းသိရသည်။ 

ရုရှားက အနောက်အုပ်စုနိုင်ငံများ၏ပိတ်ဆို့အရေးယူမှုများသည် တရားမဝင်ကြောင်းပြောဆိုကာ ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် ဥရောပသမဂ္ဂက BRICS အဖွဲ့ဝင်တရုတ်နိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုမျာားရှိသည်ဟု စွပ်စွဲကာ ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူငါးဦး သေဆုံး

RECENT POSTS
တရုတ်နိုင်ငံတောင်ပိုင်းမှာ တန်ချိန်(၁၀ဝဝ) ကျော်ရှိ ရွှေသိုက်တစ်ခု ရှာတွေ့
25 Nov 2024
ဖုန်တာရွှင့် ဝိရောဓိ (သို့မဟုတ်) တရုတ်-မြန်မာဆက်ဆံရေးကြားက ဆူးတစ်ချောင်း
25 Nov 2024
ရုရှားနိုင်ငံရှိ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများက မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်း (၃၅)တန်ခန့် ပေးပို့လှူဒါန်း
25 Nov 2024
တရားမဝင်နေထိုင်သူတွေကို ပြန်ပို့မယ့် ဒေါ်နယ်ထရမ့်ရဲ့အစီအစဉ်ကို အမေရိကန်နိုင်ငံသားအများစု ထောက်ခံ
25 Nov 2024
ပုလဲမြို့ပတ်လည်မှ ကျေးရွာ(၁ဝ)ရွာထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသူရွာသားများကို နှင်ထုတ်
25 Nov 2024
ယူကရိန်းက အမေရိကန်ကို ချမ်းသာအောင်လုပ်ပေးနိုင်တယ်လို့ ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ပြော
25 Nov 2024
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved