ပြည်မြို့ ရွှေဆံတော်ဘုရားအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင် လေးထပ်အဆောက်အဦးမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
သန့်ဇင်(NSS) - ဩဂုတ် ၂၆
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့ရှိ ရွှေ့ဆံတော်ဘုရားအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင် လေးထပ်အဆောက်အဦးပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၆ရက်)၊ နံနက် ၉နာရီခွဲအချိန်တွင် ပြည်မြို့၊ ရွှေဆံတော်ဘုရားအနီး ဘုရားဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ဆောက်လုပ်ဆဲ(၄)ထပ်အဆောက်အဦးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဘုရားအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင် လေးထပ်ကနေပြုတ်ကျပြီး ဆုံးသွားတာဗျ။ ဘယ်လိုဖြစ်ပြီးပြုတ်ကျလဲဆိုတာတော့ စစ်ဆေးတုန်းပေါ့နော်။ အဆောက်အဦးကတော့(၄)ထပ်အဆောက်အဦးပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
သေဆုံးသူအမျိုးသားသည် အသက်(၃၅)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပြီး သဲကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကာ ပန်းရံအလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။
“လက်(၂)ချောင်းကြိုးတယ်။ နဖူးကွဲတယ်။ ခြေထောက်ကြိုးတယ်။ တင်ပါးဆုံနားမှာ အပေါက်ကြီးဖြစ်သွားတာဆိုတော့ ပြုတ်ကျတော့ ခဲတွေဘာတွေဆူးမှာပေါ့နော်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ပြည်)မှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်တစ်ပြည်လျှင် ငွေ(၁ဝဝ)ကျပ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၌ မနက်ဖြန်ရောင်းချပေးမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း