ထားဝယ်မြို့နယ်တွင် အမျိုးသား(၂)ဦးအား PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ ဓား၊ သေနတ်တို့ကိုအသုံးပြုကာ သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
NSS - ဩဂုတ် ၂၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ဒေသခံအမျိုးသား(၂)ဦးကို PDF အဖွဲ့က လက်ပြန်ကြိုးတုပ်၍ ဓား၊သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၃ ရက်၊ နေ့လည် ၁၂နာရီအချိန်တွင် ထားဝယ်မြို့နယ်၊ ဇာဟာကျေးရွာနှင့် မောင် မယ်ရှောင်ကျေးရွာတို့အနီး မောင်မယ်ရှောက်-ရေဝိုင်းသွားကားလမ်းဘေးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသား(၂)ဦးသည် ဇာဟာကျေးရွာတွင်နေထိုင်သည့် ကျော်ကျော်မြင့်နှင့် မောင်မယ်ရှောင်ကျေးရွာနေ ဇော်မျိုးသန့်အောင်တို့ဖြစ်ပြီး ၎င်းတို့အား PDF အဖွဲ့မှာ ဖမ်းဆီးခေါ်ဆောင်သွားကာ အထက်ပါကားလမ်းဘေးအရောက်၌ ဓား၊ သေနတ်တို့ဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ကျော်ကျော်မြင့်(၂၀)နှစ်နှင့် ဇော်မျိုးသန့်အောင်(၂၃)နှစ်တို့တွင် ဓားဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ လက်နောက်ပြန်ကြိုးတုပ်လျက် သေဆုံးသွားခဲ့သဖြင့် စစ်ဆေးနိုင်ရန် ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်မြို့ ရွှေဆံတော်ဘုရားအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင် လေးထပ်အဆောက်အဦးမှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း