ဘီးလင်းမြို့နယ်၌ ကျောင်းသား(၃၀၀)ခန့် ပညာသင်ကြားနေသည့် အထက်တန်းကျောင်းကို လက်နက် ကိုင်အဖွဲ့က Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်
NSS - ဩဂုတ် ၂၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူ(၃၀၀)နီးပါး ပညာသင်ကြားနေသည့် အထက်တန်းကျောင်းကို လက်နက်ကိုင်အဖွဲ့မှ Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်သည် ယမန့်နေ့ (ဩဂုတ်လ ၂၅ရက်)၊ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာရှိ၊ (ဒေါက်ရပ်)အခြေခံပညာအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒရုန်းနဲ့ Drop Bomb ချသွားတာပါ။ ကျောင်းသားတွေမရှိပါဘူး။ ကျောင်းမတက်ခင်အချိန်မှာဖြစ်သွားတာပေါ့”ဟု မွန်ပြည်အစိုးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဗုံးပစ်ချတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့သော်လည်း (၂)ထပ်ကျောင်းဆောင်ရှိ သွပ်အမိုးများနှင့် မျက်နှာကျက်များတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျောင်းကပြန်တက်နေပြီလားတော့ မပြောတက်သေးပါဘူး။ စနေ၊တနင်္ဂနွေနဲ့ဆိုတော့ ပြန်ပြင်ရဦးမယ်။ အားချင်းတော့ ပြန်ပြင်ခိုင်းထားပါတယ်။ အမိုးပေါက်ပြဲတာတွေကတော်တော်များတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုသို့ ဗုံးပစ်ချတိုက်ခိုက်ခံရသည့် (ဒေါက်ရပ်)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀)နီးပါး ပညာသင်ယူလျက်ရှိပြီး ပျက်စီးထိခိုက်မှုများအား ပြန်လည်ပြုပြင်ရေးများ ဆက်လက်ပြုလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကြေးဈေးကွက်၌ ကျပ်ငွေ၊ နိုင်ငံခြားငွေ နှင့် ရွှေကိုင်ထားသူများက အဓိက ဈေးကစားနေပြီး ၎င်းတို့ကို နည်းမှန်လမ်းမှန်ဖြစ်ရေးပြုပြင်မည်ဟု ဝန်ကြီးချုပ် သတိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း