သိရီလင်္ကာတွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ "စောင်နီလေးတစ်ထည်" ရုပ်ရှင်ကား အပါအဝင် ဇာတ်ကား(၃)ခု မြန်မာနိုင်ငံက ပါဝင်ပြသမည်
ယွန်း (NSS) - သြဂုတ် ၂၅
သိရီလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာဆီယံရုပ်ရှင်ပြပွဲ၌ စောင်နီလေးတစ်ထည်ရုပ်ရှင်ကား အပါအဝင် ဇာတ်လမ်းတို(၃)ကားကို မြန်မာနိုင်ငံမှ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အာဆီယံရုပ်ရှင်ပြပွဲတွင် အင်္ဂလိပ်စာတမ်းထိုး မြန်မာရုပ်ရှင်ကားဇာတ်ကား (၁)ကား နှင့် ဇာတ်လမ်းတို (၃)ကား ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။
၎င်း အာဆီယံရုပ်ရှင်ပြပွဲကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် လာမည့်စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး (၃)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင်ပြသရန် ဇာတ်ကားများကို စာရင်းပေးသွင်းထားသည့်အနက်မှ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရွေးချယ်ခဲ့ရာ အင်္ဂလိပ်စာတန်းထိုးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်) ရိုက်ကူးထားခဲ့သည့် “စောင်နီလေးတစ်ထည် ”ရုပ်ရှင်ကားမှ ပါဝင်ပြသခွင့်ရရှိခဲ့ပြီး ဇာတ်လမ်းတို(၃)ကားအား "ဆံရစ်ဝိုင်းအလှ"၊ "မနက်ဖြန်" နှင့် "ကျွန်တော်လူထွက်လိုက်ပြီ" ဇာတ်ကားတို့မှ ပါဝင်ပြသခွင့်ရရှိခဲ့ကြောင်း သိရသည်။
"ပွဲတွေက မကျင်းပရသေးဘူး ခေါ်နေတာပဲရှိသေးတာ။ မပြရသေးဘူး။ ပွဲမှာ မပြခင် စီစဥ်စရာရှိတာတွေကို စီစဥ်ပေးရတယ်။ အခုဆိုရင် ကားထုတ်တွေကိုပို့လိုက်ပြီ အွန်လိုင်းကနေ ပို့လိုက်ပြီ။ ပြပွဲရက်ကျရင်တော့ သူတို့က ပြပေးမှာပေါ့" ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကို ပြောသည်။
၎င်း ရုပ်ရှင်ပြပွဲတွင် မြန်မာ အပါအဝင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နှင့် ဗီယက်နမ် နိုင်ငံတို့မှလည်း ပါဝင်ပြသသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံမျာအကြား ယဥ်ကျေးမှုဖလှယ်ရေးကို အဓိကထား၍ ပါဝင်ပြသခြင်းဖြစ်ကြောင်း ဦးချမ်းသာကြည်စိုးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ် နှင့် မြန်မာနိုင်ငံကြား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ပိုမိုပူးပေါင်းတိုက်ဖျက်ပြီး “Belt and Road" တည်ဆောက်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်ကို ဖန်တီးရမည်ဟု တရုတ်သံမှူးကြီးပြော
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ