ရနောင်းမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၆ဝဝ)ဦးကို ရှေ့လမှစ၍ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုဆို
ယွန်း (NP News) - ဇန်နဝါရီ ၃ဝ
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ IDC အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသား(၆ဝဝ)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇန်နဝါရီလ ၃ဝ ရက်) ၊ နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ IDC အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား(၆ဝဝ)ဦးသည် နေရပ်သို့ပြန်ခွင့်မရသေးသည့် ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကျဉ်းသား(၆ဝဝ)ဦးတို့သည် ၎င်းတို့အား မြန်မာနိုင်ငံရှိ ကော့သောင်းမြို့သို့ အမြန်ဆုံးလွှဲပြောင်းပေးရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၈)ရက်မှစ၍ တောင်းဆို ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဇန်နဝါရီလ(၂၉)ရက်တွင် မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိမှ IDC အကျဉ်းထောင်၏ တာဝန်ရှိသူများ အပါအဝင် ထိန်းသိမ်းခံထားရသည့် မြန်မာရွှေ့ ပြောင်းလုပ်သားခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါညှိနှိုင်းမှုများအရ ထိန်းသိမ်းခံထားရသူ (၆ဝဝ)ဦးအနက်မှ (၂၂ဝ)ဦးကို လာမည့် ဖေဖော်ဝါရီလ(၂)ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ(၈)ရက်နှင့် (၁၅)ရက်တို့တွင် ကျန်ရှိသူများကို အသီးသီးပို့ဆောင်ပေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလဖြစ်၍ ကန့်သတ်အရေအတွက်ဖြင့် လွှဲပြောင်းပေးနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်၌ ရေမဆေးကျောက်ရှာဖွေနေစဥ် ကမ်းပါးပြိုကျမှုကြောင့် အမျိုးသား(၄)ဦး သေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ