တရုတ်ဖက်က ကန့်ကွက်မှုများရှိသော်လည်း ဂျပန်နိုင်ငံက နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဆိုးများကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်
Pika (NSS) - သြဂုတ် ၂၄
တရုတ်နိုင်ငံဖက်က ကန့်ကွက်မှုများရှိနေသော်လည်း ဂျပန်နိုင်ငံသည် ယနေ့ ဩဂုတ်လ(၂၄)ရက်တွင် ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ပင်လယ်ထဲသို့ စတင်စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ပင်လယ်ထဲသို့ ရေဆိုးများစွန့်ပစ်ခြင်းသည် ဘေးကင်းကြောင်း ဂျပန်ဖက်က အခိုင်အမာပြောဆိုထားသော်လည်း တရုတ်ဖက် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရသည်။ ဆယ်စုနှစ်များစွာအတွင်း ရေကူးကန်ပေါင်း (၅၄ဝ)ကန် ပမာဏခန့်ရှိသောရေဆိုးများကို ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ပစ်ခြင်းသည် ကမ္ဘာ့အဆိုးရွားဆုံး နျူကလီးယားမတော်တဆမှုတစ်ခုဖြစ်ပြီးနောက် (၁၂)နှစ်ကြာသည်အထိ အန္တရာယ်ရှိနေဆဲဖြစ်နေသော နေရာကို ဖျက်သိမ်းရန်အတွက် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
တာဝန်ရှိသူတစ်ဦးက "ပင်လယ်ရေသယ်ယူပို့ဆောင်ရေးပိုက်လိုင်းတွေရဲ့ဗားတွေကို ဖွင့်ပြီး ရေဆိုးတွေကို စတင် စွန့်ပစ်နေပါပြီ" ဟု ပြောခဲ့သည်။
ရေဆိုးစွန့်ပစ်မည့်အစီအစဉ်ကို ထောက်ခံသည့် ကုလသမဂ္ဂအဏုမြူစောင့်ကြည့်ရေးအဖွဲ့မှ စောင့်ကြည့်သူများ သည် အဆိုပါလုပ်ငန်းစဉ်အတွက် စွန့်ပစ်မည့်နေရာတွင် ရှိနေမည်ဖြစ်ပြီး TEPCO ကုမ္ပဏီမှ ဝန်ထမ်းများသည် ဩဂုတ်လ(၂၄)ရက် နှောင်းပိုင်းတွင် ရေနမူနာယူရန် စီစဉ်ထားကြောင်း သိရသည်။
ရေဆိုးစွန့်ပစ်ခြင်းလုပ်ငန်းစဉ်မတိုင်မီ လူ(၁ဝ)ဦးခန့်သည် အဆိုပါနေရာအနီးတွင် ဆန္ဒပြခဲ့ကြပြီး အခြားလူ(၁ဝဝ) ခန့်သည် တိုကျိုမြို့ရှိ TEPCO ကုမ္ပဏီ ရုံးချုပ်အပြင်ဘက်တွင် စုဝေးကာဆန္ဒပြခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။
ဒေသခံတစ်ဦးဖြစ်သော အသက်(၆၈)နှစ်အရွယ် ကီနီချီဆာတိုက "ဒါဟာ သမုဒ္ဒရာထဲကို အဏုမြူဗုံးကို စွန့်ပစ်လိုက်သလိုပါပဲ။ ကမ္ဘာပေါ်မှာ ဂျပန်ဟာ အဏုမြူဗုံးနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ဝန်ကြီးချုပ်က ဒီဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံ၏ လုပ်ရပ်သည် တစ်ကိုယ်ကောင်းဆန်ကာ တာဝန်မဲ့သည့်လုပ်ရပ်တစ်ခုဖြစ်ပြီး ပင်လယ်ရေအပေါ် အကျိုးသက်ရောက်မှုများကို လိုက်လံစစ်ဆေးကာ လေ့လာသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘာနာဒိုဆေးလ်ဗားက မန်စီးတီးအသင်းနှင့် နောက်ထပ်သုံးနှစ်သက်တမ်းတိုးရန် သဘောတူလက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ