တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရင် အန္တရာယ်ရှိမှာမဟုတ်ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပြော
ဂျန်ဇက် (NSS) - သြဂုတ် ၂၄
မြန်မာအစိုးရဟာ ကိုယ်နိုင်ငံထဲမှာ ဘယ်နိုင်ငံသားကိုမှ ဒုက္ခရောက်နေတာကို ပစ်မထားကြောင်း၊ တရုတ်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုလာရင် အန္တရာယ်ရှိမှာမဟုတ်ကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်မီဒီယာနဲ့ အင်တာဗျူးအစီအစဉ်မှာ ထည့်သွင်းပြောခဲ့ကြောင်း သိရပါတယ်။
စီးပွားရးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက "တရုတ်နိုင်ငံသားတွေ မြန်မာပြည်သွားရင် ဘာအန္တရာယ်မှမရှိပါဘူး။ မြန်မာနိုင်ငံကိုလည်ပတ်ဖို့ လာတဲ့သူတွေဟာ များသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့နေရာတွကို သွားလေ့မရှိပါဘူး။ မြန်မာပြည်ကိုလာတဲ့ခရီးသွားတွေအားလုံးက အထင်ကရမြို့ကြီးတွေကို သွားလည်တယ်။ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ မန္တလေးလို မြို့မျိုးကို သွားလည်တယ်။ ပုဂံလိုနေရာ သွားလည်တယ်။ ကမ်းခြေဒေသ တွေကို သွားလည်တယ်။ အဲဒီနေရာတွေက ၁ဝဝ ရာခိုင်နှုန်း လုံခြုံမှုအပြည့်အဝရှိတဲ့နေရာတွေဖြစ်တယ်။ မြောက်ပိုင်းဒေသတွေမှာ အချို့နေရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ထိန်းချုပ်မှုအောက် ထဲမှာရှိနေလို့ ကျွန်တော်တို့အစိုးရက ခရီးသွားတွေကို သွားခွင့်မပြုပါဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးဦးအောင်နိုင်ဦး က အွန်လိုင်းအသုံးပြုကာ လိမ်လည်လှည့်ဖြားခံရသူများနဲ့ပတ်သက်ပြီး ထည့်သွင်းပြောဆိုမှုများရှိခဲ့ရာ အွန်လိုင်းအသုံးပြုလိမ်လည်လှည့်ဖြားနေတာတွေကို အစိုးရက လက်မခံကြောင်း ပြောပါတယ်။
၎င်းက "အွန်လိုင်းအသုံးပြု လိမ်လည်လှည့်ဖြားတာက ဥပဒေကိုဆန့်ကျင်တဲ့လုပ်ငန်းဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ဥပဒေကလည်း ဒါကိုလက်ခံမထားဘူး။ ကျွန်တော်တို့လူမျိုးတွေရဲ့စရိုက်ကိုက လိမ်လည်လှည့်ဖြားတာကို မကြိုက်ဘူး၊ ဒါကို မကြိုက်တာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရကလည်း ဒါကိုလက်မခံဘူး၊ မြန်မာ ပြည်သူလူထုကလည်း လက်မခံဘူး၊ ဒါကို ထိထိရောက်ရောက်တားမြစ်ပြီးတော့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်နေပါတယ်" လို့ ပြောပါတယ်
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့မှုထပ်မံချမှတ်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း