ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများ၏ မိသားစုဝင်များကို နစ်နာကြေးပေးအပ်
စော(NSS) - ဩဂုတ် ၂၃
ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများ၏ ကျန်ရစ်သူမိသားစုများကို နစ်နာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးမှ ယနေ့(ဩဂုတ်လ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ Smoosh Sea C-22 ဆီတင်သင်္ဘောသည် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်အတွက် ရပ်နားထားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီတင်သင်္ဘော၌ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် (၁၀)နာရီအချိန်တွင် အလုပ်သမား(၃၀)ဦးဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့ဆောင်ရွက်နေစဉ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံသားအလုပ်သမား (၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါသေဆုံးသူအလုပ်သမားများ၏ ကျန်ရစ်သူမိသားစုများမှ ရသင့်ရထိုက်သည့် နစ်နာကြေးများရရှိရန်အတွက် အလုပ်သမားသံအရာရှိရုံး နှင့် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ မိသားစုဝင်များအား ဖေဖော်ဝါရီလ(၉)ရက် နှင့် မတ်လ(၂၇)ရက်တို့တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး နှင့် မြန်မာနိုင်ငံတွင် ကျန်ရစ်သည့် မိသားစုဝင်များအား ဆက်သွယ်၍ ဇွန်လ(၆)ရက်တွင် မဲဆောက်မြို့လူမှုဖူလုံရေးရုံးတွင် လိုအပ်သည့် စာရွက် စာတမ်းများ စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ(၇)ဦးအနက်မှ စာရွက်စာတမ်းနှင့် အချက်အလက်များပြည့်စုံသော မိသားစု(၄)စုကို ယမန်နေ့(ဩဂုတ်လ ၂၂ ရက်)တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌ နစ်နာကြေးငွေစုစုပေါင်း ဘတ် (၂)သန်းနီးပါကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် မိသားစု(၃)စုအတွက်လည်း နစ်နာကြေးများ အမြန်ဆုံးရရှိရန် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာကို တိုက်ခိုက်ရန်အတွက် လေကြောင်းပိုင်နက်အသုံးပြုခွင့်ပေးရန် ပြင်သစ်၏ တောင်းဆိုချက်ကို အယ်လ်ဂျီးရီးယားအစိုးရ ပယ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း