အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၈ဝ)နီးပါးခေါ်ယူ
စော(NSS) - ဩဂုတ် ၂၃
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လစ်လပ်လျက်ရှိသော ဒုလက်ထောက်ဦးစီးမှူး နှင့် လက်ထောက်စုံစမ်းရေးမှူးရာထူးအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ယနေ့(ဩဂုတ်လ ၂၃ ရက်)ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် ဒုတိယလက်ထောက်ဦးစီးမှူးရာထူး(၁၈)နေရာနှင့် လက်ထောက်စုံစမ်းရေးမှူးရာထူး (၁၀)နေရာတို့ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လျှောက်ထားလိုသူများသည် ဘွဲ့ရရှိရန်လိုပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရန်လည်းလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် လျှောက်ထားသူများအနေဖြင့် ဩဂုတ်လကုန်တွင် အသက်(၃၂)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုပြီး နိုင်ငံဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်ရန်လိုကြောင်း သိရသည်။
လျှောက်လွှာပုံစံကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆)၊ နေပြည်တော်နှင့် ကော်မရှင်ရုံးခွဲများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးတို့တွင် လာရောက်ထုတ်ယူနိုင်ပြီး ကော်မရှင်၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.accm.gov.mm တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာလ(၂၆)ရက်တွင် နောက်ဆုံးထား၍ အထက်ပါရုံးများသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS အဖွဲ့၏ (NDB)ဘဏ်အနေဖြင့် နောက်ထပ်အဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံကို လက်ခံသွားနိုင်ဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ