Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံအချို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုနှင့်ဝေဖန်ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေး၌ အကျပ်အတည်းများရှိခဲ့ဟု တပ်ချုပ်ဆို

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၈

နိုင်ငံအချို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့် ဝေဖန်ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေး၌ အကျပ်အတည်းများရှိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွင့်ဟပြောဆိုထားသည်။

၎င်းက ဇန်နဝါရီလ ၂၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်အချိန်မှစ၍ ကြားနေနိုင်ငံတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာနှင့်ဆက်ဆံရေးကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုအချိန်အထိ လွတ်လပ်၍ တတ်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိ ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

နစကအစိုးရမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်၌ အချို့သောနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများနှင့်ဝေဖန် ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် အကျပ်အတည်းများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက ဖွင့်ဟဝန်ခံထား သည်။

ထို့ပြင် ပြည်ပနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးသဘောထားများကွဲလွဲမှုနှင့် အချို့နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပေါ်ခြင်းများရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် အာဆီယံထိပ်သီးအစည်းအဝေးအများစုကို တက်ရောက်ခွင့် မရရှိခဲ့ကြောင်း တွေ့ရှိရသည်။

လာမည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် အင်ဒိုးနီးရှားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်က တက်ရောက်ခွင့်ရဖွယ် မရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုနိုင်ငံအချို့ကလည်း သံတမန်အဆင့် ဆက်ဆံရေးများကို လျှော့ချထားကြောင်း တွေ့ရှိရသည်။


zawgyi version











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘုရားသုံးဆူမြို့ပေါ်ရှိ နိုင်ငံပိုင်အဆောက်အအုံများအား KNU နှင့် PDFအဖွဲ့များက မီးရှို့ဖျက်ဆီး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved