ယူကရိန်းတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ အမေရိကန်ထုတ် speedboat လှေကို ရုရှားတိုက်လေယာဉ်တွေ တိုက်ခိုက်ဖျက်ဆီး
ဂျန်ဇက် (NSS) – ဩဂုတ် ၂၃
ရုရှားတပ်ဖွဲ့တွေဟာ ပင်လယ်နက်မြောက်ပိုင်မှာ ယူကရိန်းတပ်ဖွဲ့တွေကို တင်ဆောင်လာတဲ့ အမေရိကန်ထုတ် speedboat တစ်စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါ speedboat ဟာ Snake ကျွန်းအရှေ့ဘက်ခြမ်းကို ဖြတ်သန်းမောင်းနှင်လာခဲ့ပြီး ရိုမေးနီးယားရေပိုင်နက် နဲ့ နီးစပ်တဲ့ ယူကရိန်းကမ်းရိုးတန်းနားမှာ ရပ်တန့်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့ဟာ အဆိုပါ speedboat လှေကို လေကြောင်းက တိုက်ခိုက်ဖျက်ဆီးခဲ့ တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားအခြေစိုက် Willard Marine အဖွဲ့ဟာ ယူကရိန်းစစ်တပ်ကို ၂ဝ၁၃ ခုနှစ်က speedboat လှေငါးစင်းရောင်းချခဲ့ပြီး ၂ဝ၁၅ ခုနှစ်မှာ လွှဲပြောင်းပေးခဲ့ ကြောင်း သိရပါတယ်။ အဆိုပါ speedboat လှေတွေဟာ အရွယ်အစားမော်ဒယ်အမျိုးအစားတွေအပေါ်မူတည်ပြီး တပ်ဖွဲ့ဝင် ၆ ဦး၊ ၁ဝ ဦးနဲ့ ၂၆ ဦးအထိ တင်ဆောင်နိုင်ကြောင်း သိရပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် Snake ကျွန်းကို သိမ်းပိုက်ထားကြောင်း သိရပါတယ်။
ဒါပေမယ့် ရုရှားဟာ အဆိုပါကျွန်းကနေ တပ်ဖွဲ့ဝင်တွေကို ဇွန်လမှာ ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ရုပ်သံဖိုင်ထဲမှာ ရုရှားစစ်လေယာဉ်တွေဟာ အဆိုပါ speedboat လှေကို ဝေဟင်ကနေ တိုက်ခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ speedboat လှေမှာ ယူကရိန်းတပ်ဖွဲ့ဝင် ဘယ်နှစ်ဦးလိုက်ပါလာသလဲ ဆိုတဲ့အချက်ကိုတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြင်းမျိုး မရှိဘူးလို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို တရုတ်နိုင်ငံထံ ဖမ်းဆီးလွှဲပြောင်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း