မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူများကို တရုတ်နိုင်ငံထံ ဖမ်းဆီးလွှဲပြောင်း
သန့်ဇင်(NSS) - ဩဂုတ် ၂၃
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှု သံသယရှိသူနှစ်ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံထံသို့ ဖမ်းဆီးလွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ယနေ့(ဩဂုတ်လ ၂၃ ရက်)၊ နံနက်ပိုင်းတွင် သံသယရှိသူ(၂)ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် လွှဲပြောင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သံသယရှိသူ(၂)ဦးသည် လိမ်လည်သည့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများဖြစ်ပြီး တစ်ဦးသည် လောင်းကစားနှင့် လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကာ ဆက်သွယ်ရေးလိမ်လည်မှုပြစ်မှုကျူးလွန်ရာတွင် အဓိကကျသူဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လပိုင်းတွင်လည်း မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ (၆)ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ပြီးဖြစ်သည့်အတွက် ယခုအကြိမ်သည် ဒုတိယအကြိမ် ဖမ်းဆီးပို့ဆောင်ခြင်းဖြစ်ကြောင်း တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
ထို့ပြင် မကြာသေးမီက တရုတ်-ထိုင်း-မြန်မာ-လာအို (၄)နိုင်ငံရဲတပ်ဖွဲ့များသည် လောင်း ကစားနှင့်လိမ်လည်မှုအုပ်စုများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုများစတင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးတွဲလှုပ်ရှားမှုသည် ဒေသတွင်းဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်း ကစားပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာတိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားနေသည့် အခြေအနေကို ထိန်းချုပ်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူရှိစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကမ္မမြို့၌ ဖြစ်ပွား
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း