မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူရှိစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကမ္မမြို့၌ ဖြစ်ပွား
မြူနစ် (NSS) - သြဂုတ် ၂၃
မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး (၅)နှစ်အရွယ်သမီးဖြစ်သူနှင့်အတူရှိစဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရမှု ကမ္မမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(သြဂုတ်လ ၂၂ ရက်) နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ မြို့မရပ်ကွက်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ကမ္မနယ်မြေမီးသတ်စခန်းနှင့်နီးစပ်သူသော မြို့ခံတစ်ဦးက NSS ကို ပြောသည်။
ကမ္မနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးအပါအဝင် မီးသတ်တပ်ကြပ်၊ မီးသတ်တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကို ခံရလျက်ရှိကြောင်း သိရသည်။
ထိုသို့ ခြိမ်းခြောက်ခံနေရသည့်အတွက် ကမ္မနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးအပါအဝင်(၂)ဦးသည် တိမ်းရှောင်နေခဲ့ကြောင်း အထက်ပါမြို့ခံက ပြောသည်။
သို့သော် ကမ္မမြို့တွင် မွေးဖွားသူများဖြစ်သော မီးသတ်တပ်ကြပ်ကိုသက်ခိုင်ဦးနှင့် အခြားမီးသတ်တပ်ကြပ်တစ်ဦးတို့သည် တိမ်းရှောင်ခြင်းမရှိဘဲ မီးသတ်စခန်းတွင်သာ နေထိုင်ခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ကြပ်ဖြစ်သူ ကိုသက်ခိုင်ဦးသည် ယမန်နေ့(သြဂုတ်လ ၂၂ ရက်) နံနက် ၁၀ နာရီအချိန်တွင် (၅)နှစ်အရွယ်သမီးဖြစ်သူ မမေဂျူးသော်နှင့်အတူ မီးသတ်စခန်းနှင့်ကိုက် (၅၀၀) ခန့်အကွာတွင်ရှိသော ခြံဝိုင်းသို့ ရေသွားချိုးစဉ်အချိန်တွင် အကြမ်းဖက်သမားများ၏ လုပ်ကြံခြင်းကို ခံခဲ့ရသည်။
အကြမ်းဖက်သမားများသည် အသက်(၂၇)နှစ်အရွယ်ရှိ မီးသတ်တပ်ကြပ်ကိုသက်ခိုင်ဦးအား သမီးဖြစ်သူရှေ့၌ပင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ကမ္မမြို့ခံက ပြော သည်။
ထိုသို့ လုပ်ကြံခံခဲ့ရမှုကြောင့် ကိုသက်ခိုင်ဦးတွင် နံရိုးအနီး၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက် ရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်နေစဉ် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက် လက်ပြောသည်။
“ကိုသက်ခိုင်ဦးက သူ့သမီး (၅)နှစ်အရွယ်လေးရှေ့မှာ အပစ်ခံရတာပါ။ ဒဏ်ရာရတုန်းက တော့ အရမ်းကြီးမစိုးရိမ်ရပါဘူး။ ကားနဲ့သယ်ပြီး ဆေးရုံကို ပို့ဖို့လုပ်တာ လမ်းမှာက စစ်ဆေးရေးတွေလုပ်နေတာနဲ့ လမ်းပိတ်တာကို အတော်လေးစောင့်လိုက်ရတယ်။ သွေးထွက်လွန်တဲ့သဘောလည်းပါမယ်။ မနေ့က ညမှာတော့ ဆုံးသွားတယ်။ သူက သစ္စာရှိတဲ့ Non CDM ဝန်ထမ်းတစ်ဦးပါ။ သူ့အတွက် ဆုလာဘ်က အဲဒါလားလို့ မေးခွန်းထုတ်ချင်တယ်။ နေပြည် တော်နဲ့ ရန်ကုန်မှာ လုံခြုံရာနေရာမှာရှိနေတဲ့ အကြီးအကဲတွေလည်း ဒီဖြစ်စဉ်ကို သိစေချင်တယ်” ဟု ကမ္မမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ကာလအတွင်း၌လည်း ဘုတလင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်အရာရှိ၊ မီးသတ်တပ်အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း (၂၀)နီးပါးသည်လည်း အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံသားများ ငွေလွှဲမှုအဆင်ပြေစေဖို့အတွက် ထိုင်းဘဏ် နဲ့ မြန်မာကမ္ဘောဇဘဏ်တို့ ပူးပေါင်းဆောင်ရွက်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း