Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံသား (၃ဝ)ကျော်ကို မလေးရှားအာဏာပိုင်များ ဖမ်းဆီး

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၈
မလေးရှား ရေကြောင်းဥပေဒေ စိုးမိုးရေးအေဂျင်စီ (MMEA)သည် ၎င်းတို့နိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော နိုင်ငံခြားသား (၃၃)ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

မလေးရှား ပင်လယ်ရေကြောင်း၊ ထောက်လှမ်း စောင့်ကြည့်ရေးစနစ်သည် မလေးရှားရေပိုင်နက်အတွင်း မသင်္ကာဖွယ်ရာ လှေတစ်စီးကို ဇန်နဝါရီလ ၂၆ ရက်၊ ည ၉ နာရီ မိနစ် ၂ဝကျော်တွင် တွေ့ရှိခဲ့ပြီးနောက် (MMEA) အဖွဲ့သည် စစ်ဆေးမှုများလုပ်ဆောင်ရန် အဖွဲ့တစ်ဖွဲ့ကို အဆိုပါလှေထံစေလွှတ်ခဲ့ကြောင်း သိရသည်။

(MMEA) အဖွဲ့ညွှန်ကြားရေးမှူး Iskandar Ishab က "ကျွန်တော်တို့အဖွဲ့ဝင်တွေဟာ ဆီလန်ဂေါ်ပြည်နယ် Tanjung Rhu ကမ်းလွန်ပြင်မှာတွေ့ရှိတဲ့ လှေကို စစ် ဆေးဖို့ကြိုးပမ်းခဲ့တယ်။ လှေမောင်းသမားဟာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်။ လှေအတွင်းကနေ မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ကြိုးပမ်းတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုတွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်" ဟုပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် လှေမောင်းသမား နှင့် ၎င်း၏လက်ထောက်သုံးဦးလည်းပါဝင်ကြောင်း၊ အဆိုပါလှေသည် မလေးရှားနိုင်ငံတွင်မှတ်ပုံတင်ထားခြင်းမရှိဘဲ လှေကို မြင်းကောင်ရေ ၂ဝဝ ရှိအင်ဂျင်တပ်ဆင်ထားကြောင်း(MMEA) အဖွဲ့ညွှန်ကြားရေးမှူး ကပြောသည်။
လှေပေါ်တွင် အသက် ၁၈ နှစ် နှင့် ၆၂ နှစ်အရွယ်ကြားရှိ လူပေါင်း (၃၃)ဦးပါဝင်ခဲ့ပြီး အမျိုးသား (၂၁)ဦး ပါဝင်ခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည် တရားဝင်စာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များ မပါရှိကြောင်း (MMEA) အဖွဲ့ညွှန်ကြားရေးမှူးကပြောသည်။

လှေပေါ်ပါလာသူအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်များထံ ထပ်မံလွှဲပြောင်းပေးသွားမည်ဖြစ်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ၊ လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေများဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ အပြစ်ရှိကြောင်းတွေ့ရှိမည်ဆိုလျှင် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ ထောင်ဒဏ် နှစ် (၂ဝ)ကျခံရမည်ဖြစ်သကဲ့သို့ ထောင်ဒဏ် ၊ ငွေဒဏ်နှစ်ရပ်လုံးကျခံရဖွယ်ရှိနေကြောင်းသိရသည်။


zawgyi version







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအချို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုနှင့်ဝေဖန်ပြောဆိုမှုများရှိခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေး၌ အကျပ်အတည်းများရှိခဲ့ဟု တပ်ချုပ်ဆို

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved