ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများကို ဩဂုတ်လ(၂၄)ရက်တွင် ပင်လယ်ထဲသို့ စွန့်ပစ်မည်ဟု ဂျပန်အစိုးရကြေညာ
Pika (NSS) - သြဂုတ် ၂၂
ဂျပန်အစိုးရသည် ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုး မက်ထရစ်တန်(၁)သန်းကျော်ကို ဩဂုတ်လ(၂၄)ရက်တွင် ပင်လယ်ထဲသို့ စတင်စွန့်ပစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်များနှင့်ပတ်သက်ပြီး တရုတ်ဖက်ကပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိနေသည့်ကြားက ဂျပန်အစိုးရ က ယခုကဲ့သို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မည့်အစီအစဉ်ကို စားဝတ်နေရေးခြိမ်းခြောက်မှုများရှိလာမည်ကို ကြောက်ရွံ့နေကြသော ဒေသခံငါးဖမ်းအဖွဲ့များက ပြစ်တင်ဝေဖန်ခဲ့ကြကြောင်းလည်း သိရသည်။ ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက "နျူကလီးယားစီမံကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အတည်ပြုထားတဲ့ အစီအစဉ်နဲ့အညီ ရေဆိုးစွန့်ပစ် မှုတွေကို လျင်မြန်စွာလုပ်ဆောင်ဖို့ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (TEPCO)ကို တိုက်တွန်းထားပါတယ်။ ဩဂုတ်လ(၂၄)ရက်နေ့မှာ ရေဒီယိုသတ္တိကြွရေဆိုး စွန့်ပစ်မှုကို စတင်လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေပါတယ်" ဟု ပြောခဲ့သည်။
ရေဆိုးများစွန့်ပစ်မည့်အစီအစဉ်သည် ဘေးကင်းကြောင်း ဂျပန်အစိုးရကပြောဆိုထားပြီး ပြီးခဲ့သည့်လတွင် အနုမြူ စွမ်းအင်အေဂျင်စီ (IAEA)၊ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကလည်း အဆိုပါစွန့်ပစ်မည့်အစီအစဉ်ကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ဂျပန်၏ ရေဒီယိုသတ္တိကြွရေဆိုးများစွန့်ပစ်မည့်အစီအစဉ်သည် နိုင်ငံတကာ စံနှုန်းများနှင့်ကိုက်ညီပြီး လူများနှင့် သဘာဝပတ်ဝန်းကျင်များအပေါ်သက်ရောက်မှုမှာ အလွန်နည်းပါးကြောင်း ၎င်းတို့က ပြောခဲ့သည်။
ဂျပန်အစိုးရ၏ ရေဆိုးစွန့်ပစ်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများက ပြင်းပြင်း ထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် တစ်ကိုယ်ကောင်းဆန်မှုနှင့်အတူ ရေဆိုး စွန့်ပစ်မည့်အစီအစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တိုင်ပင်ခြင်းမျိုးမရှိခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်းဝမ်ဘင်က ပြီးခဲ့သည့်လတွင် ဝေဖန်ပြောဆိုခဲ့သည်။
တောင်ကိုရီးယားအစိုးရက ဂျပန်၏ ရေဆိုးစွန့်ပစ်မည့်အစီအစဉ်သည် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသလို ၎င်းတို့အနေဖြင့် IAEA ၏ အကဲဖြတ်ချက်များကို လေးစားကြောင်းပြောဆိုခဲ့သော်လည်း တောင်ကိုရီးယားတက်ကြွ လှုပ်ရှားသူများက အဆိုပါအစီအစဉ်ကို ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေသည့် မန်စီးတီးအသင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ