ရုရှားနိုင်ငံကို တိုက်ကြီးများထဲမှာ ပိုကြီးတဲ့နိုင်ငံဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၂
ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ဖြစ်သူ ပရီဂိုဇင်က ၎င်းတို့အဖွဲ့အနေနဲ့ လူသစ်စုဆောင်းမှုတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ရုရှားနိုင်ငံကို ပိုကြီးတဲ့နိုင်ငံဖြစ်အောင်လုပ်ဆောင်ဖို့ ကြိုးပမ်းနေကြောင်း၊ အာဖရိ ကတိုက်ကိုလည်း လက်ရှိထက် ပိုမိုလွတ်လပ်လာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။
ပရီဂိုဇင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ရုပ်သံဖိုင်မှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ရုပ်သံဖိုင်ကို အာဖရိက နိုင်ငံတစ်ခုမှာ ရိုက်ကူးထားဖွယ်ရှိနေကြောင်း သိရပါတယ်။ ၎င်းက "Wagner Group ဟာ ကင်းထောက် ရှာဖွေမှုလုပ်ငန်းတွေလုပ်ဆောင်နေတယ်။ ရုရှားနိုင်ငံကို တိုက်ကြီးအားလုံးမှာ ပိုမိုကြီးမားအောင်လုပ်ဆောင်သွား မှာပါ။ ဒါ့အပြင် အာဖရိကတိုက်ကိုလည်း ပိုမိုလွတ်လပ်အောင်လုပ်ဆောင်မယ်။ အာဖရိကနိုင်ငံတွေကို တရားမျှတမှု နဲ့ ပျော်ရွင်မှုရအောင် လုပ်ဆောင်ပေးသွားမှာပါ။ အာဖရိကတိုက်အတွင်းရှိ ISIS အဖွဲ့၊ Al-Qaeda အဖွဲ့ တို့အပြင် အခြားအစွန်းရောက်အဖွဲ့တွေကို တိုက်ထုတ်သွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက Wagner Group ဟာ စစ်မှန်တဲ့သူရဲကောင်းတွေဖြစ်ကြောင်း၊ စီစဉ်ထားတဲ့လုပ်ငန်းတာဝန်များကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ ၎င်းဟာ စီစဉ်ထားတဲ့ လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ပြီး အတိအကျပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရပါတယ်။
Wagner Group အုပ်စုဟာ အီရတ်စစ်ပွဲ၊ ဆီးရီးယားစစ်ပွဲတို့မှာ နာမည်ကျော်လာခဲ့သလိုယူကရိန်းစစ်ပွဲမှာလည်း ရုရှားတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး ယူကရိန်းပိုင်နက်တွေကို သိမ်းပိုက်နိုင်အောင် လက်စွမ်းပြခဲ့ကြောင်း သိရပါတယ်။ Wagner Group အုပ်စုဟာ လက်ရှိအချိန်မှာ ဘီလာရုစ့်နိုင်ငံ နဲ့ အာဖရိကတိုက်မှာ အခြေပြုလှုပ်ရှားမှုတွေ ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ဂျာစစ်အစိုးရရဲ့လမ်းပြမြေပုံကို အနောက်အာဖရိကစီးပွားရေးအဖွဲ့ ECOWAS ငြင်းဆန်ပယ်ချ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ