ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ရာ အမြန်ဆုံးပြန်လည် ပြင်ဆင်နေ
မျိုးကြီး (NSS) - သြဂုတ် ၂၂
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ ကွန်ကရစ်တံတားတစ်စင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သတင်းရရှိသည်။
ယမန်နေ့(သြဂုတ်လ ၂၁ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအဝင် ရန်ကုန်- ထားဝယ်ကားလမ်း မိုင်တိုင် ၅၁ နှင့် ၅၂ ကြားရှိ ကွန်ကရစ်တံတားသည် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မနေ့က ၆ နာရီလောက်က ဖြစ်သွားတာပေါ့။ ကွန်ကရစ်တံတားပေါ့။ မြေပြိုကျပြီးတော့ တံတားက ကျိုးကျသွားတဲ့သဘောပေါ့။ ဒီလမ်းက အရေးပါတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။ ပြည်မနဲ့ တနင်္သာရီကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းကစပြီးတော့ အမြန်ဆုံး ပြန်လည်ပြင်ဆင်နေပါတယ်” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
၎င်းတံတားပြိုကျပျက်စီးခဲ့သည့်အတွက် လက်ရှိတွင် ယာဉ်သွားယာဉ်လာရပ်တန့်ကာ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေကြောင်း သိရသည်။
လက်ရှိတွင် ယင်းကွန်ကရစ်တံတားကို သက်ဆိုင်ရာအဖွဲ့အစည်းများက ပြန်လည်ပြင်ဆင်လျက်ရှိပြီး မနက်ဖြန်(သြဂုတ်လ ၂၃ ရက်)တွင် ပြင်ဆင်မှုပြီးစီးနိုင်ကြောင်းလည်း တနင်္သာရီ တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
အလားတူ ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း မြဝတီ-ကော့ကရိတ်အာရှလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းအချို့မြေပြိုပျက်စီးမှုဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ပြင်ဆင်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံကို တိုက်ကြီးများထဲမှာ ပိုကြီးတဲ့နိုင်ငံဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ ရုရှားကြေးစားတပ်ဖွဲ့ Wagner ခေါင်းဆောင်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း