ဗြိတိန်မှာ မိသားစုပိုင် လယ်ယာမြေထဲ ခရီးသွားတွေ ကိုယ်လုံးတီးဓာတ်ပုံရိုက်ခြင်း မလုပ်ကြဖို့ လယ်ပိုင်ရှင်တောင်းဆို
ရောင်နီ (NSS) - သြဂုတ် ၂၂
ဗြိတိန်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွား ဆိုက်တစ်ခုက ၎င်းရဲ့ မိသားစုပိုင်လယ်မြေအတွင်း ဝတ်လစ်စလစ် ဓာတ်ပုံရိုက်ခြင်းမျိုး မလုပ်ဖို့ ဆိုရှယ်မီဒီယာ Facebook မှာ သြဂုတ်လ ၂ဝ ရက်နေ့က ပိုစ့်တင်ကာ ပြောခဲ့ပါတယ်။
အဆိုပါပိုစ့်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်းရှိ ကျွန်းတစ်ကျွန်းပေါ်မှာ တည်ရှိတဲ့ မြေဧက ၃ဝဝ ခန့် ရှိ Stoke Fruit Farm ဟာ မျိုးဆက်လေးဆက် လုပ်ကိုင်လာခဲ့တဲ့ မိသားစုပိုင် လယ်ယာမြေတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းရဲ့လယ်ယာမြေမှာရှိတဲ့ နေကြာပန်းခင်းဟာ ခရီးသွားတွေကို စွဲဆောင်နိုင်ပြီး မကြာခဏ ဓာတ်ပုံလာရိုက်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်။ ၎င်းတို့ကလည်း ဓာတ်ပုံရိုက်ခွင့် ကြည်ကြည်ဖြူဖြူပေးပေမယ့် မကြာသေးမီက လယ်ကွင်းအတွင်း ကိုယ်လုံးတီး ဓာတ်ပုံရိုက်သူတွေနဲ့ အငြင်းအခုံ ပြဿနာတက်ခဲ့ပုံရပါတယ်။
တနင်္လာနေ့(သြဂုတ်လ ၂ဝ ရက်) မှာတော့ Stoke Fruit Farm က ကျွန်ုပ်တို့နေရာဟာ မိသားစုနယ်မြေဖြစ်တာကြောင့် သင့်အဝတ်အစားတွေ ဝတ်ထားဖို့ သတိပေးပါရစေ။ လယ်ကွင်းထဲမှာ အဝတ်ဗလာ ဓာတ်ပုံရိုက်မှုတွေဟာ မဖြစ်သင့်ဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေရှိခဲ့သလို အချင်းချင်းမန်းရှင်းခေါ်ပြီး စနောက်မှုတွေလည်း မြင်တွေ့ခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပြေးအဖြစ်(၁၇)နှစ်ကြာ နေထိုင်ခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိခင်နိုင်ငံကို ပြန်လာချိန်မှာ မိသားစုဝင်များနဲ့ထောက်ခံသူများလာရောက်ကြိုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ